အပိုင်း(၇)

2.1K 202 2
                                    

Episode 7

အနီးဆုံး ဆေးခန်းထိ Krist ကို ကုန်းပိုးကာ Singto  ချီသွားလိုက်သည်။ဆေးခန်းရောက်တော့ ဆရာဝန်က
သွေးထွက်နေသော ခေါင်းက ဒဏ်ရာကိုေ သချာ
ကြည့်ပြီး အရက်ပြန်နဲ့ သန့်စင်ရန် ခေါင်းကိုကိုင်
လိုက်စဉ်~~~

"ဒေါက်တာ~~ကျွန်တော် အဲဒီဟာကြီးနဲ့ အနာကို မတို့
လို့မရဘူးလားဗျာ~~"

Krist အပြောကြောင့် ဆရာဝန်ရဲ့ အရက်ပြန်တို့ထားသော ဂွမ်းစတို့ကလေးမှာ တန့်သွားသည်။

"မရဘူးလေ~~မင်းခေါင်းကို ခိုက်မိတဲ့ပစ္စည်းမှာ ပိုး
တွေ ဘတ်တီးရီးယားတွေ ပါနေနိုင်တယ်~~ဒါကြောင့်
ဒါတွေကို သေအောင် လုပ်ဖို့အတွက် ဒီအရည်နဲ့
သုတ်ပေးရတယ်~~"

အသက် ၄၅နှစ်အရွယ်လောက်ရှိပြီဖြစ်ပြီး
စိတ်ရှည်လက်ရှည်ရှင်းပြနေပုံကြောင့် Sing က ပါ
ငြိမ်နားထောင်နေလိုက်သည်။ Krist ကတော့ ကုတင်
ပေါ်ကနေ ကုန်းရုန်းထကာ ~~

"ကျွန်တော် ပြန်မယ်~~မကုတော့ဘူး~~ကျွန်တော်
သိတယ် သွေးထွက်တိုင်း ဒါကြီးနဲ့ပဲ တို့ကြမယ်ဆိုတာ"

ပြောပြောဆိုဆိုနဲ့ ကုတင်ပေါ်ကနေ ဆင်းမည်ပြုနေသော
Krist လက်မောင်းလေးများကို  Sing ဆုပ်ကိုင်လိုက်ပြီး
ဆရာဝန်ကို ခဏလေးနော် ဆိုသော သဘောဖြင့် မျက်လုံးနဲ့တစ်ချက်ပြုံးကြည့်လိုက်သည်။

"ဒါနဲ့တို့မှ မင်းဒဏ်ရာ အမာရွတ်မကျန်မှာပေါ့~~"

"တအားစပ်တာ~~အဲဒါကြီးက ... ကျွန်တော့်ကို အဲဒါ
မထည့်ဘဲ ဒီတိုင်းကုပေးလို့ ပြောပေးပါ~~ နော်"

ကျွန်တော့်ကို နာမ်စားမသုံးဘဲ ပြောနေပုံဟာ အတော်
တော့ ရယ်ရသည်။

"မင်း ယောက်ျားပဲကွ~~ဒီဟာလောက်တော့ တောင့်ခံ
ပေါ့~~"

မျက်ရည်လေးတွေ ဝဲလာပြီး ကုတင်ပေါ်က ချထားတဲ့
ခြေထောက်တွဲလဲများကို ကုတင်ပေါ်ပြန်တင်လိုက်သဖြင့်
Sing နဲ့ ဘေးတစ်စောင်းအနေအထားဖြစ်သွားသည်။
ပြီးမှ ခြေကို ရုန်းကာ ကန်ကာ နှုတ်ခမ်းကို စူပြီးခေါင်း
ငုံ့၍ပြောလိုက်သောစကားကြောင့် Sing ငြိမ်ကျသွား
ရသည်။

"ယောက်ျားလဲ အသွေးနဲ့အသားနဲ့လူပါဗျ~~မိန်းကလေး
တွေနဲ့ဘာကွာခြားနေလို့ သူတို့ နာရင်ငိုရပြီး ကျွန်တော်
တို့က ကြိတ်ပြီး သည်းခံနေရမှာလဲ~~~သူတို့ကြောက်
သလို ကျွန်တော် ကြောက်တတ်တာနဲ့ ယောက်ျားတစ်
ယောက် မဖြစ်နိုင်တော့ဘူးတဲ့လား~~~"

🍒ချယ်ရီရောင် အချစ်များ(Love Like Cherry) CompleteDonde viven las historias. Descúbrelo ahora