Zawgyi
အခန်းထဲမှာ ကောင်လေး၂ယောက် ရှိနေကြပေမယ့် ၁ယောက်ကတော့ အပူပင်မရှိအိပ်စက်အနားယူနေတယ် ထိုကောင်လေးအပေါ်မှာ နဂါးဝတ်ရုံကြီးဟာ တင့်တည် ခန့်ညားစွာ တည်ရှိနေတယ် ထိုကောင်လေးရဲ့ဘေးနားမှာအလုပ်လုပ်နေတဲ့ လူ၁ယောက်လည်းရှိနေပါတယ်
"အင်းးးး
"နိုးပြီလား Jiong
"ဟုတ် ဒါနဲ့ Xieကော အိပ်ဘူးလား
"ကိုကအိပ်ပြီးပါပြီကွာ မနက်စယူလာခဲ့တော့
"ကျွန်တော့ကိုစောင့်နေတာလား
"အင်း မင်းနဲ့အတူစားမလို့လေ
အပျိုတော်တွေလည်း မင်းကြီးစကားဆုံးတာနဲ့ အခန်းထဲကိုဝင်လာကာ အစားအသောက်တွေစပြင်ကြတော့တယ် အဆိပ်ပါမပါစစ်တဲ့သူတွေဘာတွေနဲ့ ရှုတ်ယှက်ခက်နေပေမယ့် Xieကတော့ Jiongပန်းကန်ထဲကိုပဲ အစားအစာထည့်လိုက်စားလိုက်လုပ်နေတယ်
"Xie ဟိုလေ ကျွန်တော် ပျော်တော်ဆက်အဆောင်ကိုပြန်ရဦးမယ် ဒါစားပြီးရင်ပြန်လို့ရပြီမလား
"မပြန်နဲ့တော့ မင်းကို အမတော် Hoiက သူ့အဆောင်မှာ လိုချင်လို့တဲ့
"အဲ့တော့ Xieလက်ခံလိုက်တယ်ပေါ့
"အင်း လောလောဆယ်တော့ အဲ့မှာပဲနေပေးပါ
"ရပါတယ် Xieကကျွန်တော့ကိုအမြဲတော့လာတွေ့ပေးနော် ဒီနန်းတော်မှာကျွန်တော်သိတဲ့သူဆိုလို့ Xie၁ယောက်ပဲရှိတာ
"ဟုတ်ပါပြီ စားတော့နော်
Xie နဲ့ Jiong စားသောက်ပြီးတော့Xieကတော့ လုပ်စရာရှိတာတွေဆက်လုပ်နေတယ် Jiongကတော့ မင်းသမီးHoiစီမှာအလုပ်လုပ်ဖို့ ရင်တလှုပ်လှုပ်နဲ့ သွားလို့လေပြီ
"မင်းသမီး Jiongရောက်ပါပြီ
"အာ ဟုတ်သား လာလာ Jiong မင်းကိုမျှော်နေတာ မင်းအခုကစပြီး အမတော်စီမှာနေနော်
"ဟုတ် Xieအဲ မှားလို့ မင်းကြီးလည်းပြောပါတယ်
"ဟဟ မကြောက်ပါနဲ့ ငါက တခြားမင်းသမီးတွေလိုမမောက်မာပါဘူး ငါကြားသလောက် မင်းက Gold တိုင်းပြည်ကဆို
YOU ARE READING
BLACK MOON
Historical Fictionယခုခေတ်က မိဘမဲ့ကောင်လေး၁ယောက် လုပ်ကြံခံရရင်း မတော်တဆအချိန်ကူးပြောင်းသွားသောအခါ ~~ မွေးကထဲကဘယ်အချိန်ကြည့်ကြည့် တည်တည်ငြိမ်ငြိမ် နေခဲ့ပေမယ့် ဘယ်သူ့ကိုမှစိတ်မပူတက်တဲ့ ဘုရင်က ဘာမဟုတ်တဲ့ ကောင်လေး၁ယောက်အတွက် အမြဲစိတ်ပူနေရသောအခါ ~~~ Own Fiction ယခုခေတ်က မိ...