Part (19)

4.5K 308 3
                                    

Zawgyi

နောက်တနေ့မှာပဲ Jiong တို နန်းတော်ကိုပြန်လာခဲ့ကြတယ် စစ်သူကြီး ကျိုက်ကို Jiong ပါလာကြောင်းပြောကာ မြင်းဘေးကနေလမ်းလျောက်ခိုင်းလိုက်တယ်

Jiong နာနေမယ်ဆိုတာ Xie သိပါတယ် အဲ့ကြောင့်လည်း ခဏခဏနားပေးနေတာ အကယ်၍ Jiong  ပါလာကြောင်းသိရင် ခြုံခိုတိုက်မယ့်သူတွေအတွက် အခွင့်ကောင်းဖြစ်သွားမှာတိုးလို့ Jiong ကို ခြေလျင်တပ်တွေနဲ့ အတူလာခိုင်းရတယ်

တော်တော်ကြာတော့မှ နန်းတော်ပြန်ရောက်တယ် ရောက်ရောက်ခြင်း Jiong ကိုရှာတော့ မတွေ့တော့ပဲ မိဖုရားကျိုက်အဆောင်သွားမှတွေ့တယ်

"အရှင် ပြန်လာပြီလား

"အင်း ကလေးကော နေကောင်းလား

"ကောင်းပါတယ်တဲ့

"အရှင် ထူးထူးဆန်းဆန်း Jiong နဲ့ စကားမပြောပါလား

"ဟမ် အော် အင်း နေကောင်းလားJiong

"ဟုတ် ကောင်းပါတယ်

Jiong ပျောက်သွားတာကို မိဖုရားကျိုက်သိပုံမပေါ်သေးတာကြောင့် လိမ်လိုက်ရတယ်

"ထားပါ ကိုယ်တော် နားလိုက်ဦးမယ် ဒီည မိဖုရားကိုအဖော်ပြုပေးမယ်နော်

"ဟုတ်ကဲ့ပါ အရှင်

"Jiong မင်းဒီည ဒီလာစရာမလိုတော့ဘူး

"…… ဟုတ်ကဲ့ပါအရှင်

မိဖုရားကျိုက်ကိုကြတော့ ညင်ညင်သာသာပြောပြီး Jiong ကို မာမာထန်ထန်ပြောလိုက်တာကြောငါ် မိဖုရားကျိုက်ပင်လန့်သွားသည် Jiong ကတော့ အရှင်ပြန်သွားတာနဲ့ မိဖုရားကျိုက်ကို ကျွန်တော့ဒီနေ့မလာတော့ဘူးနော်လို့ ပြောကာ အဆောင်ကနေထွက်လာခဲ့တယ် အဆောင်ပြန်ရောက်တာနဲ့ ဘယ်သူမှမလိုက်ခဲ့နဲ့လို့ပြောပြီး အချစ်တော်အဆောင်ဟောင်းကို သွားလိုက်တယ်

ဟိုတလောကကိစ္စလုပ်ပြီးထဲက ဒီအဆောင်က တိတ်ဆိတ်နေတယ် အပျိုတော်တွေသန့်ရှင်းရေးလာလုပ်တာတောင် ဘာမှမဖြစ်တော့တာကြောင့် အချစ်တော် မိဖုရားရဲ့ ဘဝက ကျွတ်သွားလေပြီ

အဲ့ကြောင့် အဲ့အဆောင်ကိုသွားကာ အထဲကနေ ကလန့်ထိုးပြီး လှေကားမှာငိုနေမိတယ်

BLACK MOONWhere stories live. Discover now