Part 6

5.7K 374 8
                                    

Zawgyi

ဒါဒါလေးတချို့က ဘယ်ဟာဘယ်အပိုင်းမသိဘူးလို့ပြောလို့ Part လေးတွေနဲ့ပဲပြန်ရေးပေးမယ်နော်

______________________________________

နန်တွင်းထဲမှာ မင်းကြီး Liu Xie နဲ့ မင်းကြီးအနားမှာအမြဲရှိနေတဲ့ Jiong အကြောင်းဟာ လူတိုင်းရဲ့ပါးစပ်ဖျားမှာပြောစရာ၁ခုလိုဖြစ်နေတာ ၁ပေါက်လောက်ရှိပြီ Liu Xieက တိုင်းပြည်ရဲ့ ဘုရင်ဖြစ်တာကြောင့် သူ့အရှေ့မှာတော့မပြောရဲကြပေ Jiong ကို Liu Xieက သူ့အနားမှာပဲ ဘာရာထူးမှမပေးပဲ အနားမှာပဲ ခေါ်ထားတာကြောင့် တခါတလေ ၁ယောက်ထဲဖြစ်နေချိန်ဆို လူတချို့ရဲ့ ပြောဆိုမှုတွေကိုခံလာရတယ်

"ဟူး

"ဟော Jiong မင်းငါ့စီလာတိုင်းသက်ပျင်းချသံပဲကြားရတယ် ဘာဖြစ်လာပြန်ပြီလေ

"မင်းသမီးမကြားဘူးလား မင်းကြီးက ညတိုင်း ကျွန်တော့ကို သူ့အိပ်ဆောင်မှာပဲခေါ်သိပ်တော့လူတွေပြောကုန်ပြီ အဲ့ဒါ မင်းသမီး မောင်တော်ကိုပြောဦး

"ဟာ ဘယ်လိုလုပ်ငါပါပါလာတာလည်း မကူပါဘူးတော်ကြာ နင့်ကိုကူညီလို့ဆိုပြီး ဟိုကောင်နဲ့မတွေ့ရဖြစ်နေဦးမယ်

"ဘယ်ကောင်

"Gold တိုင်းပြည်က မင်းကြီးလေ

"အာ ဟိုလူလား

"အင်း

"မင်းသမီးကသူ့စီသွားမို့လား

"အင်း ချစ်ကြည်ရေးအနေနဲ့ပေါ့

"မင်းသမီးကြည့်ရတာ သူများမင်းသမီးတွေလို သူများတိုင်းပြည်သွားရမှာကိုစိတ်မပျက်သလိုပဲနော်

"စိတ်ပျက်စရာလား သူကငါ့ကို ငယ်ငယ်တုန်းက ခ်ခ် မပြောတော့ဘူး

မင်းသမီးရယ်လိုက်တော့ ကျွန်တော်ကြောင်မိသွားတယ် မင်းသမီးမှာလည်း ဒီလိုကလေးပုံစံရှိသေးတယ်တိုတာအခုမှသိလိုက်ရတယ်

"နေပါဦး အခု လူတွေကမင်းတို့ကိုပြောလည်းပြောပါစေပေါ့ ကြာရင်တကယ်ဖြစ်လာမှာပဲကို

"မင်းသမီးနော်

"အောင်မလေး ရှက်နေလိုက်နာကြည့်စမ်း ငါ့မောင်နဲ့ အတူတူနေတယ်လို့ပဲအပြောခံရသေးတာတောင် ဒီလောက်ဖြစ်နေတာ အင်း ဟိုဟာသာဖြစ်လို့ကတော့

BLACK MOONWhere stories live. Discover now