Part (12)

4.4K 374 9
                                    

Zawgyi

Xie မနက်ရောက်မှ သိလိုက်ရတယ် Jiong ပျောက်နေတယ်ဆိုတာကို

မနေ့ညက Xie အလုပ်တွေမပြီးသေးတာကြောင့် Jiongစီမသွားခဲ့ဘူး မနက်ရောက်မှ တွေ့ချင်လို့ဆိုပြီးသွားခဲ့ပေမယ့်

"Jiongကော

"ဟင် အရှင်နဲ့မဟုတ်ဘူးလား

"ဘာလို့ ငါနဲ့ရှိနေရမှာလည်း

"အချစ်တော် Jiongကို မနေ့ ညနေကပဲ အရှင်ကခေါ်ခိုင်းတယ်ပြောပြီးခေါ်ဆောင်သွားတာ အခုထိ ပြန်မရောက်သေးပါဘူး

"ဘာ! မဖြစ်ဘူး အခုချက်ချင်းရှာမှဖြစ်မယ် ကိုယ်ရံတော်အဖွဲ့ကိုပြောပြီး ၁နန်းတွင်းလုံးရှာ ဘယ်သူတားတား မင်းကြီးအမိန့်လို့ပြော

"ဟုတ်ကဲ့ပါ

"(Jiong မင်းဘယ်ရောက်နေတာလည်း)
___________
Jiong မနေ့ကထဲက ပင်ပန်းလို့အိပ်သွားပေမယ့် အခုနိုးလာတော့ အချစ်တော်အဆောင်ဟောင်းမှာပဲရှိနေသေးတယ် တကိုယ်လုံးလိုက်စစ်လိုက်တော့ ဘာ ဒဏ်ရာမှမရှိဘူး

"ဟူးး မိဖုရား ဟုတ်ပါဘူး အချစ်တော် မိဖုရား အယ် ငါဘယ်လိုပြောရမှာပါလိမ့် ထားပါတော့ အချစ်တော်မိဖုရား ကျွန်တော့မျိုးလေ ကိုယ်လက်လေး သန့်ဆင်လိုလို့ အဆောင်ထဲခဏလေးဝင်မယ်နော် ခွင့်ပြုပေးပါနော်

သူများတွေတွေ့ရင် ကျွန်တော်ရူးနေပြီထင်လိမ့်မယ် လေမတိုက်ပဲနဲ့ သစ်ပင်တွေလှုပ်ခါတာမှ ရူးနေတာမဟုတ်ဘူးလား

"ကျေးဇူးပါ

Jiong အဆောင် တခါးကိုဖွင့်လိုက်တာနဲ့ မျက်လုံးတောင်ပြူးသွားတ် သန့်ရှင်းနေတဲ့ အဆောင်ကြီးက သူ့မျက်စိအရှေ့မှာရှိနေတယ်လေ သူတဖြေးဖြေးဝင်သွားတော့ ရေချိုးကန်ကလည်းရေနွေးနဲ့

"ဒါ ဒါက မဖြစ်နိုင်ဘူးမလား

အံ့သြမှုနဲ့ရပ်နေတဲ့ Jiong ကို မကျွတ်သေးတဲ့ မိဖုရားက ရေကန်ထဲတွန်းချလိုက်တယ်

"အ!!! စိုကုန်ပြီ အချစ်တော့ မိဖုရား ဘာလို့တွန်းချတာလည်း. . . . ဟူးး ငါလည်း ရူးသွားတာများလား

Jiong အဝတ်တွေကို အကုန်ချွတ်ကာ ရေနွေးထဲဝင်စိမ်လိုက်တယ် သရဲလား ကြောက်တာပေါ့ ဒါပေမယ့် လည်း ကိုယ့်ကို ဒုက္ခမပေးတဲ့သူကိုတော့ ဒုက္ခမပေးချင်တာကြောင့် တက်နိုင်သလောက်ရင်းအောင်နေလိုက်တယ်

BLACK MOONWhere stories live. Discover now