Zawgyi
"အရှင် မကောင်းတော့ဘူး အရှင်မကောင်းဘူး
" ကုန်းကုန်း အပြင်ကဘယ်သူလည်း
"အရှင် အကြံပေးအမတ်ကြီး Feiအိမ်ကပါအရေးတကြီးကိစ္စရှိလို့တဲ့
"ဟင်လာခိုင်းလိုက်
"ဟုတ်
"အရှင် အရှင်မကောင်းတော့ဘူး
အလောတကြီးပြေးလာကာ အတင်းကိုမကောင်းဘူးပြောနေတဲ့သူကြောင့်
"ဘာမကောင်းတာလည်း
"ကြင်ယာတော် Han နဲ့ အ... အချစ်တော် Jiongတို့ပျောက်ဆုံးနေပါတယ်
"Jiong? Jiongကဘာလို့ Hanနဲ့ရှိနေတာလည်း
"ဒီနေ့ နေ့လည်လောက်က ထမင်းစားချိန်ပြီးတော့ ကြင်ယာတော်Hanကပျင်းလို့ အချစ်တော်Jiongကိုခေါ်ပြီး နန်းပြင်ထွက်သွားတာပါ
"ဘာ!! အစောင့်တွေမတားဘူးလား Jiongက နန်းပြင်ထွက်ခွင့်မရှိဘူးလို့ ကိုယ်တော်မိန့်ထားတယ်လေ
"ကြင်ယာတော် Han ကအဲ့ဒါကိုသိပုံပဲ ခိုးထွက်သွားပါတယ်
"တောက် ! Feiကော
"အကြံပေးအမတ်Feiက သူလည်းစိတ်ပူလို့ လိုက်ရှာနေပါတယ်
"အခုချက်ချင်း လိုက်ပြီးရှာဖွေခိုင်း
"ဟုတ်
"Jiongရာ မင်းကိုဖြစ်နိုင်ရင်လေ ကိုယ့်အနားမှာပဲ ကြိုးတုတ်ပြီးတောင်ခေါ်ထားချင်တယ် တကယ်ကို ပြောမနိုင်ဆိုမရလေ ခုနကပဲ မင်းကိုပြောတာလွန်လားဆိုပြီး စိတ်ဆိုးပြေမယ်ကြံသေးအခုနောက်တမှုကပေါ်လာပြန်ပြီ တွေ့မယ် တွေ့မယ် ၂ယောက်စလုံးတွေ့မယ် လာစမ်း မြင်း၁ကောင်ပြင်ထား
Xie မြင်းကိုယူကာ စစ်သည်တချို့နဲ့လိုက်လံရှာဖေကြတော့တယ် ထိုသတင်းကိုကြားတဲ့ ရေကန်မှာ ထိုင်နေတဲ့မိဖုရားကတော့သူ့အနောက်ကလူကို
"သေချာစောင့်ကြည့်ထား မကြာခင်ပြီးတော့မှာ
"ဟုတ်
"(အရှင်ရယ် ခံစားချက်ဆိုတာ ထုတ်ဖွင့်ပြောရတယ် မြုံထားရင်ကြာတော့ပေါက်ကွဲကော Jiong မင်းအတွက်စိတ်မကောင်းပါဘူး မင်းတို့အဆင်ပြေဖို့အတွက်ပါ)
_____________________________
Jiong ခေါင်းကိုက်တာကြောင့် လက်ကိုလှုပ်ကြည့်တေည့ မရပေ တကိုယ်လုံး ကြိုးနဲ့တုတ်ကာ ရိပ်ခါထည့်တဲ့အခန်းလို့ထင်ရတဲ့အခန်းထဲမှာ Hanနဲ့ ၂ယောက်ထဲထည့်ပိတ်ထားတယ်
KAMU SEDANG MEMBACA
BLACK MOON
Fiksi Sejarahယခုခေတ်က မိဘမဲ့ကောင်လေး၁ယောက် လုပ်ကြံခံရရင်း မတော်တဆအချိန်ကူးပြောင်းသွားသောအခါ ~~ မွေးကထဲကဘယ်အချိန်ကြည့်ကြည့် တည်တည်ငြိမ်ငြိမ် နေခဲ့ပေမယ့် ဘယ်သူ့ကိုမှစိတ်မပူတက်တဲ့ ဘုရင်က ဘာမဟုတ်တဲ့ ကောင်လေး၁ယောက်အတွက် အမြဲစိတ်ပူနေရသောအခါ ~~~ Own Fiction ယခုခေတ်က မိ...