Part (14)

4.2K 305 2
                                    

Zawgyi

Hoi အနားလူသံကြားလို့ လှည့်ကြည့်တော့ ...

"Jiong!

"မင်းသမီး အာမဟုတ်ပါဘူး မိဖုရား Hoi!!

"နင်ကဘယ်လိုလုပ်ပြီး ဒီရောက်လာတာလည်း

"ဟူး ကျွန်တော် လွန်ခဲ့တဲ့ ၂ရက်လောက်ကထွက်လာတာပဲ လမ်းမှာ ဓားပြတိုက်ခံရလို့ ကျွန်တော်နဲ့ စစ်သူကြီး ကျိုက်လူကွဲသွားတာ ကျွန်တော့က သွေးဆေးဖို့ရှာရင်း ချောင်းတွေ့လို့လာဆေးတာ ပြီးတော့

"ငါနဲ့တွေ့တာပေါ့

"အင်း

"မင်းကဘယ်သွားမို့လည်း

"ကျွန်တော်က ဒီတောင်က ဆယ်ရီဆိုတဲ့သူစီလာတာ

"နင်သူ့ကိုသိလို့လား

"ဟင့်အင်း လူ၁ယောက်က အကူအညီတောင်းလို့ လာတာ

"ငါလည်းအဲ့တောင်သွားမှာဆိုတော့ အတူသွားမလား

"ကောင်းတာပေါ့
..............................
Jiong ထွက်သွားတာမှမကြာသေးဘူး Hoi ပျောက်တယ်ဆိုတဲ့ သတင်းကရောက်လာတယ်

"ရဲမက်တွေ မင်းသမီး Hoiကို နယ်တလျောက်လိုက်ရှာကြ

"ဟုတ်

"ဟူး အမတော်ရယ် ဘာဖြစ်ပြန်ပြီလည်း

အေးအေးဆေးဆေး လွမ်းမယ်ပဲရှိသေးတယ် တံခါးကို ဝုန်းခနဲအားနဲ့ ဖွင့်လာတဲ့ လူ၁ယောက်ကြောင့် စိတ်တိုတိုနဲ့

"ဘာလာလုပ်တာလည်း

"စစ်သူကြီးကျိုက်ပြန်ရောက်နေပါပြီ

"ဟင် ဟိုနေ့ကမှသွားတာကိုအစောကြီးရှိသေးတယ်လေ

"အဲ့ဒါပြောမလို့ပါ စစ်သူကြီး ကျိုက်က ဒဏ်ရာတွေနဲ့ပြန်လာတာပါ အချစ်တော် Jiong တော့ပါမလာပါဘူး

"ဘယ်လိုဖြစ်ပြီးတော့!! အခုချက်ချင်း စစ်သူကြီးစီသွားမယ်

"ဟုတ်

တကယ်ပါ အမတော်Hoi ပြသာနာတက်လို့ လုပ်ပေးနေတုန်းရှိသေးတယ်Jiong ကပါပြသာနာလုပ်ပြန်ပြီ

"မင်းကြီး

"Jiongနဲ့ဘယ်လိုဖြစ်တာလည်း

"လမ်းမှာ ကျွန်တော်တို့ကို ဓားပြလိုလိုနဲ့ လုပ်ကြံသူတွေနဲ့ တိုးလို့ပါ

BLACK MOONWhere stories live. Discover now