Part (16)

4.1K 291 6
                                    

Zawgyi

ဒီနေ့မနက်ကပဲ နန်းတော်ကိုပြန်လာခဲ့ကြတယ် Jiong ကအိပ်နေသေးတာကြောင့် Xie အရှေ့မှာထိုင်ခိုင်းရတယ် ကလေးကအိပ်နေသေးတော့ Xie ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေးအိပ်နေရှာတယ်

"အရှင် အရှေ့က အိမ်မှာ ခဏနားရင်ကောင်းမယ်

"ကောင်းသားပဲ

သာမန်ခရီးသွားဝတ်စုံတွေ ပဲ ဝတ်ထားတာကြောင့် လူတွေသတိမထားမိတာကျေးဇူးတင်ရမယ် မြင်းတွေကိုခဏအနားပေးပြီး နေ့လည်စာဝင်စားရတာပေါ့ Jiong ကိုအတင်းနှိုးမိလို့ ကောင်လေးက တအိအိနဲ့ မျက်စောင်းတွေ လှိမ့်ထိုးနေတယ်

"ဟိတ်ကောင် မင်းတို့ဟိုကိစ္စသိပြီးပြီလား

"ဘယ်ကိစ္စလည်း

"အခု Hwaဆိုတဲ့ မင်းသမီးက လုပ်ကြံလို့ နှင်းထုတ်ခံရတာလေ

"သိသားပဲ

"သူကဘယ်သူ့လုပ်ကြံလည်းသိလား

"သိတာပေါ့ အချစ်တော့ Jiongတဲ့ သူကချစ်ဖို့ကောင်းတယ်ပြောတယ် တခါလောက်တွေ့ဖူးချင်လိုက်တာကွာ

"ဟိတ်ကောင် မင်းအဆင့်နဲ့ မတွေ့ချင်စမ်းပါနဲ့ ဘုရင်က သူ့ကိုချစ်လွန်းလို့ အဆောင်ထဲထည့်သိမ်းထားတာ ရာထူးကသာ အချစ်တော့ ဘုရင့်မျက်နှာသာအပေးခံရလွန်းလို့ မိဖုရားခေါင်တောင်တက်ဖြစ်တော့မယ်

"ဟုတ်တယ်နော် မင်းကြီးက အဲ့လိုချစ်နေတာ့မင်တော့လည်းစိတ်ချမ်းသာပါတယ်လေ

"ငါတို့တိုင်းပြည်မှာ အဲ့လို အေးချမ်းအောင်လုပ်ပေးမယ့် သူတွေများရင်ကောင်းသား

"ရှိတယ်လေ မိဖုရားကျိုက်

Xie နဲ့ ပါလာတဲ့ ကိုယ်ရံတော့တချို့က နန်းတွင်းကိစ္စပြောနေတဲ့ သူတွေရဲ့စကားကိုနားစွံ့နေကြတယ် Jiongကလွဲလို့ပေါ့ ကောင်လေးကတော့အစားမပျက်ပေ ဟိုလူတွေကပြောတာတိုးတိုးပြောတာမှမဟုတ်တာ အကျယ်ကြီးအော်ပြောနေကြတယ်

"ဟုတ်တယ်နော် ငါတို့ ဘုရင်တော်တော်ကံကောင်းတယ်ကွာ ဒီလို အေးအေးဆေးဆေးနေတက်တဲ့ မိဖုရားတွေ အချစ်တော်တွေရတာ

"ငါကြားသလောက် အချစ်တော်Jiongက ပျော်တော်ဆက်တဲ့

Jiong စားနေတဲ့ မုန့်ပင်လက်ထဲမှ ကျသွားခဲ့တယ် နောက်ဆုံးသူမုန်းတဲ့ သူ့ဘဝရဲ့ မကောင်းတဲ့အချက်တခု အမဲစက်တခုပေါ့

BLACK MOONWhere stories live. Discover now