Worry

6.1K 433 2
                                    

Zawgyi

ညဘက် အေးအေးဆေးဆေးလမ်းလျောက်လိုတာကြောင့် Lui Xie မြောက်များစွာသော အမှုထမ်းတွေနဲ့ လမ်းလျောက်နေမိတယ် တဖြေးဖြေးလမ်းလျောက်နေရင်း Jiong ပုံလေးကို မျက်လုံးထဲမြင်လာတာကြောင့်ပြုံးမိလိုက်တယ်

Jiong Pov

အခုမှသတိရတယ် Jiongနဲ့ မတွေ့တာ တော်တော်ကြာနေပြီ အမတော်စီသွားရမှာလည်း မျက်နှာပူတယ် အခုလောက်ဆို Jiong နားရတော့မယ်ထင်တယ် အမတော်အဆောင်အရင်သွားကြည့်မယ်

ဘုရင် တပါးဆိုတဲ့ ဂုဏ်နဲ့ အညီ မင်းသမီး Hoiအဆောင်ကိုရောက်လာခဲ့တယ် အစေခံတွေထဲမှာမရှိတာကြောင့် အထဲမှာများလားဆိုပြီးဝင်လိုက်တော့ အထဲမှာ ဘယ်သူမှမရှိပေ

"မင်းသမီးHoiကော!!!

"ဟို ဟို အဲ့ဒါ ကျွန် ကျွန်တော်မျိုးတို့လည်းမသိပါဘူး စာဖတ်မယ် အနှောက်ယှက်နဲ့ဆိုပြီး......

"တောက် တွေ့မယ် သူတို့၂ယောက်လာလို့ကတော့ ကောင်းကောင်းကြီးကိုအပြစ်ပေးပြစ်မယ်

အဆောင်ရှေ့မှာ ဟိုဘက်လျောက်လိုက် ဒီဘက်လျောက်လိုက်လုပ်နေတုန်း သစ်ပင်တွေကနေ တရှုပ်ရှုပ်သံနဲ့ ဘုတ်ဆိုတဲ့အသံကြောင့် လှည့်ကြည့်လိုက်တော့ လူ၂ယောက်ကမတ်တပ်လေးရပ်နေတယ် သူတို့၂ယောက်စလုံးမျက်နှာမှာလည်း ကြောက်ရွံ့မှုဟာ ညဘက် လအလင်းရောင်နဲ့တောင်မြင်နေရတယ်

"လာစမ်း

ကုတ်ကုတ် ကုတ်ကုတ်နဲ့ ၂ယောက်စလုံးအနားရောက်လာတော့မှ

"အမတော် အမတော်က မင်းသမီးလေး ဒီလိုမျိုး အစောင့်မပါပဲလျောက်သွားရလား မတော်လို့ ၁ခုခုဖြစ်ရင်ဘယ်လိုလုပ်မလည်း

"ဟို စိတ်မပူပါနဲ့ မမကဓားကိုင်တက်ပါတယ်

သိနေတယ်လေ အမတော်က သူ့ကိုယ်သူ မမ လို့ခေါ်တာဆိုရင် သူချွဲတော့မယ်ဆိုတာကို အလျော့ပေးလို့တော့လုံးဝမဖြစ်ဘူး

"တော် အမတော် ဓားကိုင်တက်ပေမယ့် တကယ့်လူသတ်သမားနဲ့တွေ့ရင်ဘယ်လိုလုပ်မလည်း ဟန်! အမတော်က ကျွန်တော့ထက်လည်းအသက်ကြီးတာကို ဒါလေးတောင် ဟာ တောက်

BLACK MOONWhere stories live. Discover now