( Zawgyi ver )
အချိန်အားဖြင့် ညနေ ၅နာရီလောက် ရှိမည်ထင်
ဟန်မြစ်ကမ်းဘေးမှာ ဟိုဟိုဒီဒီသွားလာနေကြနေတဲ့
လူအချို့။
တစ်ချို့ကမိသားစုတွေ လက်တစ်ဖက်က ကလေးကိုဆွဲလို့
တစ်ချို့က ချစ်ရသူတွေနဲ့ ဘာရယ်မဟုတ်မျက်စိထဲ
မြင်သမျှအရာတွေကို သူ လိုက်ကြည့်နေမိသည်။ထိုအချိန် နှဖူးပေါ်က အေးစက်စက်အထိအတွေ့ ။
"ကျစ်...ဒီ သောက်မိုးကတော့"
ရေရွတ်ပြီး ထိုင်နေရာမှ မထမိ။
ရုတ်တရက်ရွာလာတဲ့ မိုးကြောင့်
လူအချို့ကတော့ ပြာယာခတ်စွာ မိုးခိုလို့ရမဲ့နေရာကို
ပြေးလွှားနေကြလေရဲ့။
.
.
.
.
.
.အချိန်အတော်ကြာ မိုးရေထဲထိုင်ခဲ့ပြီးမှ အခုမှချမ်းလာသလို
တိုက်ခန်းရှေ့ရောက်တော့ အခန်းတံခါးဆွဲဖွင့်ပြီး
ဝင်လိုက်သည်။"ဟေ့ကောင်...ဘယ်တွေသွားနေတာလဲ
ဖုန်းခေါ်တာလည်း မကိုင်ဘူး"ဧည့်ခန်းရှေ့ ဆိုဖာပေါ်မှာ လက်ကမုန့်ထုပ်ကို ပိုက်ပြီး
TV ကြည့်နေသော ဂျီမင် ရဲ့စကားကို လျစ်လျုရှုလျက်
အခန်းထဲကို ဝင်တော့"ကျစ်...ငါ့ကိုနည်းနည်းလောက် သောက်ဖက်လုပ်ဦး
ထယ်ယောင်း "အနောက်ကနေလှမ်းအော်တဲ့ ဂျီမင် ကြောင့်
အခန်းထဲကတဘက်ကို ယူပြီးပြန်ထွက်လာကာ"ပြော...."
ရေစိုနေတဲ့ ခေါင်းကိုသုတ်နေရင်း မေးလိုက်တော့
"ဘယ်တွေသွားနေလို့ မိုးမိလာရတာလဲ"
"မိုးရေထဲမှာ ထိုင်နေတာ..."
"ရူးနေတာလား"
"ကျစ်...ငါစိတ်မရှည်တတ်တာ မင်းသိတယ်နော်
လိုရင်းပြော..."စိတ်မရှည်စွာ စုပ်တချက်သပ်ပြီး ပြောလိုက်မှ
"မင်းအဖေ မင်းကို ဖုန်းမခေါ်ဘူးလား သူ့လူတွေရောက်လာသေးတယ်"
ဂျီမင် ပြောမှ ဘောင်းဘီထဲက ဖုန်းကိုလှမ်းနှိုက်ရင်း
ကြည့်မိတော့ miss call ပေါင်းများစွာအဟွန်း.....သူဌေးကြီး Kim ကအထူးအဆန်း ဘာကိစ္စရှိလို့
မျက်နှာကအလိုမကျစွာမဲ့လိုက်တော့ ဂျီမင် က