Episode - 7

13.7K 1.2K 4
                                    

သဘောကျတယ် ချစ်တယ်ဆိုတဲ့စကားတွေဟာ ပတ်သက်ခဲ့ဖူးတဲ့ မိန်းကလေးများစွာဆီက ရိုးအီစွာအမြဲတမ်းကြားခဲ့ရသော စကားတစ်ခွန်း
ရင်ခုန်ဖို့ဆိုတာဝေးလို့ .... နည်းနည်းလေးတောင်မတုန်လှုပ်ခဲ့တဲ့ ကျွန်တော့်နှလုံးသား

အခုတော့ ကောင်လေးတစ်ယောက်ဆီက
" မင်းကိုသဘောကျလို့ " ဆိုတဲ့စကားတစ်ခွန်းနဲ့တင်
လူကဂယောင်ခြောက်ခြားကိုဖြစ်လို့

နှလုံးကပုံမှန်ကိုမဟုတ်တော့ တစ်ခုခုဖောက်ပြန်နေပြီထင်တယ်။

လူကမနေတတ်စွာနဲ့ သူ့အရှေ့ကနေထွက်သွားရန်လုပ်တော့
လက်ကောက်ဝတ်ကို ဆွဲထားပြန်တယ်

" ဘာလုပ်တာလဲ လွှတ်..... "

သူ့ကိုစူးစိုက်စွာကြည့်ရင်း ပြောတော့ မလွတ်တဲ့အပြင် ပိုပြီးတင်းကျပ်စွာဆုပ်ကိုင်လာတဲ့ သူ့ရဲ့လက်တွေ

" အဲလိုထွက်သွားလို့ရမလား...တစ်ခုခုပြောဦးလေ "

ပြောလည်းပြော ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်ပြီး နံရံဆီကိုတွန်းကပ်လိုက်တော့ လူကအင့်ခနဲ့

" မသိဘူး "

မျက်ခုံးနှစ်ဖက်ကို ကြုံ့ပြီးကြည့်နေတာ ကျွန်တော်ရဲ့အဖြေကို မကျေနပ်လို့ဆိုတာသိသာနေတယ်
မကြာခင်မှာလူတွေဝင်လာပြီး တွေ့သွားရင်မကောင်းတတ်တာမလို့
သူ့ဆီကရုန်းထွက်မိပြန်တော့လည်း သူကဘာတွေစားထားလို့
ဒီလောက်အားကြီးနေမှန်းမသိ တုပ်တုပ်မျှကိုမလှုပ်...

" မရုန်းနဲ့ကွာ ~ ဖြေရင်လွှတ်ပေးမယ် "

ဒီကောင်ကတော့ စိတ်တိုဖို့ကောင်းအောင် အဖြေကိုမရမကတောင်းနေတာလား သန့်စင်ခန်းထဲမှာလေ?

တကယ့်ဇွတ်တရွတ်ကောင်!

ငြိမ်သက်သွားတဲ့ကျွန်တော့်ကိုကြည့်ပြီး မျက်နှာနားကိုနီးကပ်လာတဲ့ သူ့မျက်နှာတစ်ခု
အကြည့်တွေက နူတ်ခမ်းတွေဆီသို့....
သူ့ကိုကြည့်ရင်းရင်တုန်စွာနဲ့ တံတွေးခပ်သိပ်သိပ်မြိုချမိတော့
လှုပ်ရှားသွားတဲ့လည်ပင်းကိုကြည့်ပြီး သူပြုံးတယ်

ပြီးတော့........

ထိတယ်ဆိုရုံလေးရယ် ပြီးတော့ အိစက်နေတဲ့သူ့နူတ်ခမ်း
အောက်နူတ်ခမ်းကိုကိုက်လိုက်တော့ ဖွင့်ဟသွားတဲ့ကျွန်တော့်နူတ်ခမ်းနောက် ဝင်ရောက်လာတဲ့
သူ့ရဲ့ လျှာဖျားလျှလျှ ......

THE MASK [ Completed ] Where stories live. Discover now