Episode - 18

11.4K 996 68
                                    

( Zawgyi ver )

ပျော်စရာတွေ အတူဖန်တီးကြမယ်
ကိုယ့်ဘဝရဲ့ နေ့ရက်တိုင်း မိနစ်တိုင်း စက္ကန့်တိုင်းကို
မင်းနဲ့ပဲအတူ ဖြတ်သန်းချင်တာမို့
ဘယ်လိုအခက်အခဲပဲ ရှိရှိ တွဲထားတဲ့ ကိုယ့်လက်ကိုတော့
မဖြုတ်ချလိုက်ပါနဲ့
မင်းက ကိုယ့်ရဲ့အားအင်အဖြစ် ရှိနေပေးပါ

_____________________________________________________

Warning®18
( mature language )

Jeon Jung Kook's pov

" ဂျောင်း ဂု ... "

နားထဲကို ခပ်တိုးတိုးဝင်လာတဲ့ လေသံနဲ့အတူ နားရွက်ဖျားကိုပါ
ခပ်ဖွဖွအကိုက်ခံလိုက်ရတာကြောင့် လူကအနည်းငယ်တောင်
လန့်သွားရ၏။ ထယ်ယောင်းကို ကျောပေးပြီးအိပ်ပျော်နေရာမှ တဖက်သို့လှည့်ပြီး ချစ်ရတဲ့ကိုယ်လုံးငယ်လေးကို ရင်ခွင်ထဲဆွဲထည့်ပြီး ဖက်ထားလိုက်တယ်။

ချစ်ရသူကို ရင်ခွင်ထဲထည့်ဖက်ထားရင်း နိုးထရတဲ့
မနက်ခင်းလောက် ကြည်နူးစရာမရှိ။ နိုးလာပြီးရင်လည်း
မင်း မျက်နှာလေးကို တစိမ့်စိမ့်ကြည့်မယ်
morning kiss လေးပေးမယ် ဆိုတဲ့ စိတ်ကူးလေး
အမြဲတမ်း ကိုယ့်မှာရှိတယ် ဘေဘီ ...။

" ထတော့လို့ ... 11 နာရီတောင် ရှိပြီ "

" ကိုယ် အိပ်ပါရစေဦးကွာ "

ဒီနေ့က weekend မလို့ အိပ်ချင်သေးတာနဲ့ မျက်လုံးလည်းမဖွင့်ဘဲ ဒီအတိုင်းဖက်ထားရင်းနဲ့သာ ငြိမ်နေမိတယ်။ ထယ်ယောင်း ကျွန်တော့်အိမ်ကိုရောက်နေတာ တစ်ပတ်လောက်တော့ရှိပြီ။
ဆေးရုံဆင်းတဲ့နေ့ကတည်းက တစ်ယောက်ထဲနေတာကို
စိတ်မချတာရော အချိန်တိုင်းလိုလို အနားမှာအမြဲရှိနေစေချင်တာရော စတဲ့ အကြောင်းတွေကြောင့် သူ့တိုက်ခန်းကို ပြန်မလွှတ်တော့ဘဲ
ခေါ်ထားလိုက်တယ် ...။

" ဗိုက်ဆာနေပြီ .. တစ်ခုခုမလုပ်ပေးတော့ဘူးလား "

ပြောလည်းပြော နူတ်ခမ်းကို တပြွတ်ပြွတ်နဲ့ အသံလေးတွေ ထွက်အောင်နမ်းလိုက် နှာဖျားထိပ်ကို မထိတထိနမ်းလိုက်နဲ့ လူကိုကျီစယ်နေပြန်တယ်။
သဘောကျစွာနဲ့ ငြိမ်နေတုန်းမှာပဲ နေရာပြောင်းသွားတဲ့
ဘေဘီ ...။
လည်ပင်းကို လျှာနဲ့လျက်လိုက်တာကြောင့် လူကရူးမတတ် ခံစားလိုက်ရ၏။
ကောင်ဆိုးလေး ... လူကို ကလိပြီး
မနိုးနိုးအောင် လုပ်နိုင်တယ်

THE MASK [ Completed ] Where stories live. Discover now