Episode - 10

13K 1.1K 9
                                    

( Zawgyi ver )

စေ့စပ်တယ် တိကျတယ် ဆိုတဲ့ စံနူန်းတွေနဲ့ လုပ်ငန်းတစ်ခုလုံးကိုဦးဆောင်နေတဲ့ သူက ကျွန်တော့်ထက်ငယ်တယ်ဆိုသော်လည်း
သြဇာအာဏာတွေ အပြည့်။
အေးစက်စက်သူ့အပြုအမူတွေရယ် အရယ်အပြုံးမရှိ
ခပ်တည်တည်နေတတ်တဲ့ သူ့မျက်နှာထားတွေက
သူများတွေအမြင်မှာ ကြောက်ဖို့ကောင်းတယ်လို့
သတ်မှတ်ကြပေမဲ့ .....

အထူးသဖြင့် ...ကျွန်တော်နဲ့ဆိုရင် ရက်ရောလွန်းတဲ့သူ့အပြုံးနဲ့ နွေးထွေးပြီး ကြင်နာမှုအရိပ်အရောင်တွေလွှမ်းနေတဲ့ အကြည့်တွေဟာ
ကျွန်တော့်တစ်ယောက်ထဲအတွက် ဆိုတော့ကိုတော့
အကြွင်းမဲ့ယုံကြည်မိသည်။

ရှေ့မှာဖွင့်ထားတဲ့ TV ပေါ်မှာ အာရုံကရှိမနေဘဲ
သူ့အကြောင်းထိုင်တွေးမိနေသော ကိုယ့်အဖြစ်ကိုတွေးရင်းပြုံးလိုက်မိသလားလို့ ...

ရာသီဥတုက သာယာနေပြီး ဒီနေ့က ပိတ်ရက်မလို့
အပြင်ထွက်ရန်တွေးမိသော်လည်း ဘယ်သွားရမယ်မသိ။
အရင်လို Club တွေဘာတွေသွားပြီး ပျော်ပါးရအောင်လည်း
ရင်ခုန်ချင်စရာကောင်းသော ဂျွန်ဂျောင်းဂု ဆိုတဲ့ ကောင်လေးကလွှဲရင် ကျန်တဲ့အရာတွေက ပျင်းစရာအတိ။
အိပ်နေခြင်းက အကောင်းဆုံးဟုတွေးမိ၍ ....

~ Ting Tong ~

ဆိုဖာပေါ်မှာလှဲနေတာ ဆယ့်ငါးမိနစ်လောက်ဘဲရှိဦးမည်
ဘဲလ်တီးသံကြောင့် ထထိုင်လိုက်ရင်း စိတ်ရှုပ်စွာနဲ့ခေါင်းကိုဆွဲဖွမိတယ်
အရင်အိမ်မှာမဟုတ်ဘဲ တိုက်ခန်းတစ်ခုမှာငှါးနေတာ
ဘယ်သူမှသိလိမ့်မယ်မထင်။
ဂျီမင်လား? ပြောမှမပြောပြထားဘဲ ...

တံခါးရှေ့မှာရပ်ပြီးတွေးနေတုန်း နောက်ထပ်မြည်လာတဲ့
ဘဲလ်သံကြောင့် တွေးနေတာကိုရပ်ပြီး တံခါးကိုဆွဲဖွင့်လိုက်တော့ ...

ဂျောင်းဂု?? ...

တိုးတိုးလေးသာထွက်လာသော ကျွန်တော့်လေသံ

အနက်ရောင်ဆံပင်က အနီရောင်သို့ပြောင်းလဲနေကာ
t-shirt ပေါ်မှာ jacket တစ်ထည်ရယ်
ပေါင်နဲ့ ဒူးနေရာမှာ ပြဲနေတဲ့ အပြာနုရောင် ripped jean
ကိုဝတ်ဆင်ထားတဲ့သူ
တစ်ကိုယ်လုံးကိုခြုံကြည့်မိတော့  ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်ရဲ့ပုံစံလို

THE MASK [ Completed ] Where stories live. Discover now