Episode - 11

12.6K 1.1K 31
                                    

( Zawgyi ver )

ဟိုတစ်စုဒီတစ်စုရှိနေတဲ့ အဖြူရောင်တိမ်စိုင်တွေရယ်
နီညိုရောင်သန်းနေပြီဖြစ်တဲ့ ကောင်းကင်ကြီးရယ်
ပင်လယ်ထဲပျောက်ကွယ်လုနီးနီး ရှိနေတဲ့ နေမင်းကြီးရယ်

ခပ်လှမ်းလှမ်းမှာရှိတဲ့ ကျောပြင်ကျယ်တစ်ခုရယ်

အင်း ....

သူ့ဟာနဲ့သူ ကြည့်လို့ကောင်းနေဆဲပင်  ....

လက်ကိုနောက်ပြန်ထောက်ထားလျက် ခြေထောက်ကိုလည်းသဲတွေထဲကိုဖွထားကာ တစ်ယောက်ထဲကမ်းစပ်မှာ ထိုင်နေတာသိပ်တော့မကြာသေးပေမဲ့ .....

ပြောတော့ မင်းနဲ့အတူနေဝင်ဆည်းဆာကို ကြည့်ချင်လို့ဆိုပြီး
ဖုန်းပြောနေတဲ့ ဂျွန်ဂျောင်းဂု  ....
ခဏလေးပဲဆိုတဲ့သူက မိနစ် ၂၀ လောက်ရှိနေပြီ။
သူ့ကိုငေးနေရင်းမှ ပင်လယ်ဘက်ကိုမျက်နှာပြန်မူလိုက်တယ်
တဆက်တည်း ကမ်းစပ်တစ်လျှောက် လျှောက်သွားကြည့်ရန် စဉ်းစားမိလိုက်ရင်း ထိုင်နေရာမှ ထရပ်လိုက်စဉ်  အနားကိုရောက်လာတဲ့ ကောင်မလေးတစ်ယောက်ကြောင့်  အတွေးတွေပျောက်သွားခဲ့ရသည်

" ဓာတ်ပုံခဏလောက်ရိုက်ပေးပါလား " ဆိုတဲ့စကားကြောင့်
ဘေးပတ်ပတ်လည်ကို ကြည့်မိတော့ လူတွေကအသင့်အတင့်တော့ရှိနေသည်။
ဘာလို့ အေးအေးဆေးဆေးနေချင်တဲ့ ကျွန်တော့်ကိုမှရွေးပြီး ....

ကူညီမယ် မကူညီဘူး မဆုံးဖြတ်ရသေးခင်
လက်ကိုအတင်းဆွဲပြီး ခေါ်နေတာကြောင့် သူမရဲ့သူငယ်ချင်းတွေရှိတဲ့နေရာကို ရောက်လာခဲ့တယ်
အတော်ကို အတင့်ရဲတဲ့ကောင်မလေး။

စိတ်တိုင်းကျ ပုံတွေရိုက်ပေးပြီးတော့ သူမတို့က ကျေးဇူးတင်စကားဆိုတယ်
ပြီးတော့ တစ်ယောက်ထဲလို့ထင်နေပုံရတဲ့ ကျွန်တော့်ကိုပါ
သူတို့နဲ့အတူ ညနေစာစားဖို့ခေါ်နေပြန်တယ်
မလိုက်တော့ဘူး ဟုဆိုကာ မျက်နှာထက်အပြုံးတစ်ခုကို
ချိတ်ဆွဲရင်း ငြင်းဖို့ပြင်နေစဉ် ....

"သူ့ချစ်သူ တစ်ယောက်လုံးရှိနေတာကို တခြားသူ မလိုအပ်ဘူးလေ "

ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိတဲ့ ဂျောင်းဂု။
ခါးကိုဆွဲဖက်လိုက်ရင်း ကျွန်တော့်ကိုတစ်လှည့် ထိုကောင်မလေးတို့ကိုတစ်လှည့်ကြည့်ကာ ပြောလိုက်တဲ့စကားကြောင့် သိသိသာသာပျက်ယွင်းသွားတဲ့
မျက်နှာတွေ။
ထို့နောက် ကျွန်တော်တို့ရှေ့ကနေထွက်သွားခဲ့ကြတယ်

THE MASK [ Completed ] Where stories live. Discover now