Episode - 6

13.7K 1.3K 6
                                    

( Zawgyi ver )

မနေ့ညက အချိန်အတော်ကြာတဲ့အထိ အိပ်မပျော်တာမလို့
မနက်နိုးလာတော့ ခေါင်းကမကြည်မလင်နဲ့
ငယ်ငယ်ကတည်းက အိပ်လာတဲ့ ကိုယ့်အခန်းဆိုပေမဲ့
နွေးထွေးမှုတွေရှာမရသလို
ဘယ်အရာကသူ့ကိုစိမ်းသက်စေမှန်းလည်း မသိ။

လန်းဆန်းသွားအောင် ရေချိုး ပြင်ဆင်ပြီးတော့
အောက်ထပ်ကိုဆင်းခဲ့လိုက်တယ်
မေမေက ကျွန်တော့်ကိုမြင်တော့ မီးဖိုခန်းကနေထွက်လာပြီး
မနက်စာစားဖို့ ခေါ်နေတာကြောင့် လွတ်နေတဲ့ခုံပေါ် ဝင်ထိုင်လိုက်တယ်
သူဌေးကြီးကတော့ ကျွန်တော်ဝင်လာတာ တချက်တောင်မကြည့်သလို သတင်းစာဖတ်တာလည်းမပျက်။

" မေမေ...သားအကြိုက်တွေချည်း ချက်ထားတာ
များများစား... "

မေမေက သူ့ရှေ့မျက်နှာချင်းဆိုင် ခုံပေါ်ဝင်ထိုင်လိုက်ရင်း
ပြုံးရွှင်စွာပြောတယ်

" ကျွန်တော် မစားတော့ဘူး.. သွားတော့မယ် "

မီးဖိုခန်းထဲကနေ ထွက်သွားရန်ုပြင်တော့ ခြေတစ်လှမ်းတောင်
မလှမ်းရသေးခင် အသံကြောင့် လူကတုံ့ခနဲ...

" ဒါ ဘယ်လဲ? ထယ်ယောင်း! "

သူဌေးကြီးအသံကြောင့် လူကပြန်လှည့်ကြည့်မိတော့
မျက်နှာကခက်ထန်နေပြီး တစ်ခုခုကို အလိုမကျသလို...

" မင်းကိုထွက်သွားခွင့်ပြုမယ်လို့ ဘယ်သူပြောလဲ..
မင်းစိတ်တိုင်းကျ နေ ပြီးတော့ အလေလိုက်နေခဲ့တာတွေကို
၂ နှစ်တောင်လွှတ်ထားခဲ့ပြီးပြီ
အခုတော့မရတော့ဘူး ကုမ္ပဏီက အလုပ်တွေလုပ်ဖို့
ပြင်ဆင်ထားတော့ ထယ်ယောင်း... "

" သူဌေးကြီးရှိနေတာကို ဘာလို့လဲ...ဂရုစိုက်မနေပါနဲ့ ကျွန်တော့်ဘဝကိုနေချင်သလိုနေမှာမို့ "

" ခွင့်ပြုမယ်ထင်နေလား အခုလည်း မင်းကောင်းဖို့အတွက်
စီစဉ်နေတာ ပြီးတော့ တစ်ယောက်ထဲရှိတဲ့သားကြောင့် ငါအရှက်မရချင်ဘူး
အိမ်မှာဘဲနေ ဘယ်ကိုမှသွားဖို့မစဉ်းစားနဲ့ ညနေကျရင်သွားစရာရှိတယ် "

THE MASK [ Completed ] Where stories live. Discover now