EXTRA

14.2K 1.1K 33
                                    

( Zawgyi ver )

အချိန်တွေကုန်ဆုံးတာ တကယ်ပဲမြန်သလိုလိုရှိ၏။
ဘာလိုလိုနဲ့ ကျွန်တော်တို့လက်ထပ်ထားတာ
2 နှစ်ပင်ပြည့်တော့မည်။
အမှတ်ရနေမည့်ကိစ္စလေးတွေ တော်တော်ဖြစ်ပျက်ခဲ့တာပဲ ...။
ကျွန်တော်နဲ့ထယ်ယောင်းကို
နှစ်ဖက်မိဘစလုံး သဘောတူအောင်
တကယ်ကိုကြိုးစားလိုက်ရသေးတယ်။
မာမီကိုလည်း ဒေါ်လေးကအတော်ဖျောင်းဖျလိုက်ရသလို
ကျွန်တော်လည်းပဲ ယောက္ခမတွေဆီကအမှတ်ရအောင်
လုပ်ခဲ့ရတဲ့ အရာတွေလည်းရှိသည်။
နောက်ဆုံးတော့လည်း နှစ်ယောက်လုံးက တစ်ဦးတည်းသောသားတွေမို့ စိတ်ချမ်းသာအောင် ခွင့်ပြုပေးလိုက်ရသည်လေ ....။

Laptop ကိုကြည့်နေရင်းမှ အသာပိတ်လိုက်ရင်း
မျက်ရိုးနှစ်ခုကြား လက်မဖြင့်နှိပ်ရင်း ထိုင်ခုံနောက်သို့မှီချလိုက်သည်။
မြင်ကွင်းထဲဝင်ရောက်လာတဲ့ စားပွဲပေါ်က ဓာတ်ပုံကိုယူလိုက်ရင်း မြတ်နိုးစွာနဲ့ကြည့်မိတယ်။

အဖြူရောင်ဝတ်စုံနဲ့အတူ တောက်ပနေသောကောင်လေးနှစ်ယောက်၊
မျက်နှာပေါ်ကအပြုံးတွေဟာဆိုရင်ဖြင့် တန်ဖိုးမဖြတ်နိုင်အောင်ပင်။

ဟုတ်ပါတယ်။ ကျွန်တော်တို့ရဲ့ မင်္ဂလာဓာတ်ပုံပါပဲ

ချက်ချင်းဆိုသလို ကျွန်တော့်ရဲ့အသက်ကလေးကို
လွမ်းမိလာတာနဲ့အတူ မနေ့က ကုမ္ပဏီမှာအကြီးအကျယ် ရန်ဖြစ်ပြီး မျက်ရည်တွေနဲ့ပြေးထွက်သွားတဲ့ ကောင်လေးကို မြင်ယောင်လာမိတာကြောင့်
အတော်လွန်သွားပြီလားဟု တွေးပြီးစိတ်ကနေလို့မကောင်းဘူး ....။

.
.
.
.

" ကဲ! ပြောပါဦး ငါတို့ကုမ္ပဏီက မင်းတို့လို ထက်မြက်တဲ့ဒီဇိုင်နာတွေကို
အသေအချာပံ့ပိုးပေးထားရက်နဲ့ ဘာလို့သစ္စာဖောက်ဖို့တွေးရတာ "

" မ- မဟုတ်ပါဘူး "

ပြိုင်ဖက်ကုမ္ပဏီနဲ့ အင်္ကျီဒီဇိုင်းတူနေရချင်းအပေါ်
ကျွန်တော်တို့ကို ခိုးပါသည်ဟုဆိုပြီး
စွပ်စွဲထားတာကြောင့် အတော်လေးပြဿနာဖြစ်နေသည်။
နောက်ဆုံးတော့ ကုမ္ပဏီထဲမှာ သစ္စာဖောက်ကိုရှာတွေ့သွားတာကြောင့်
ရုံးခန်းထဲအရင်ခေါ်မေးနေရခြင်းသာ။

THE MASK [ Completed ] Where stories live. Discover now