Episode - 8

13.6K 1.2K 7
                                    

( Zawgyi ver )

ပြတင်းပေါက်ကနေတဆင့် မျက်ခွံထဲကိုအတင်းတိုးဝင်လာတဲ့ စူးရှတဲ့နေရောင်ခြည်ကြောင့် ဘေးတဖက်ကိုလှည့်လိုက်မိတယ်

အိပ်ယာက နိုးနိုးချင်းတစ်ဆက်ထဲမှာပင် ခေါင်းကထိုးကိုက်လာတာကြောင့် နားထင်ကိုဖိရင်း
ထထိုင်လိုက်မိတယ်
မနေ့ညက ဘယ်လောက်တောင်များသွားသလဲဆိုတာ
အိမ်ကို ဂျီမင် လိုက်ပို့တာတောင် မသိလိုက်...

ရေချိုးခန်းထဲဝင်ရန်ပြင်နေတဲ့ ခြေလှမ်းတွေက
စားပွဲပေါ်ကထမြည်လာတဲ့ အရာတစ်ခုကြောင့်
ရပ်တန့်သွားခဲ့သည်

📲📲📲📲

" ဂျီမင်... ပြော! "


" အိမ်ကိုကောင်းကောင်းပြန်ရောက်ရဲ့လား "


" မင်းလိုက်ပို့တာဘဲကို ဘာတွေမေးနေတာလဲ "


" ငါ မပို့ပါဘူး မင်းနဲ့သိတယ်ဆိုတဲ့ တစ်ယောက်က
အတင်းကြီး သူလိုက်ပို့မယ်ဆိုလို့ "


" ဘာ?..... "

သောက်တာများသွားလို့ ခေါင်းကိုက်နေရတဲ့ကြားထဲ
ဂျီမင့် စကားကြောင့် စိတ်ရှုပ်သွားရကာ
အော်ထည့်လိုက်မိသည်

တစ်ယောက်ထဲရှိတဲ့ သူငယ်ချင်းက အတော်ကိုအားကိုးရလောက်တယ်
မတော်လို့များ သူ့ကိုတခြားတစ်နေရာကို ခေါ်သွားပြီး
သတ်ပစ်လိုက်ရင်တောင် သိလိုက်မှာမဟုတ်။

" စိတ်မကောင်းလိုက်တာ
အဲဒီတစ်ယောက်နဲ့တွဲနေပြီဆိုတဲ့အကြောင်း ငါ့ကိုပြောပြသင့်တယ်"

" ...... "

တစ်ယောက်ထဲထင်ချင်ရာတွေထင်ပြီး ပြောနေသော
ဂျီမင့် စကားကိုဆက်နားမထောင်တော့ဘဲ တစ်ဆက်ထဲဖုန်းပါချလိုက်တယ်

ဒေါက်...ဒေါက်...ဒေါက်!

အခန်းတံခါးခေါက်သံကြောင့် အင်္ကျီကြယ်သီးချွတ်ရန်ပြင်နေတဲ့ လက်တွေရပ်တန့်သွားပြီး..

" ဘယ်သူလဲ "

ကျွန်တော့်ရဲ့အမေးစကားကို မတုံ့ပြန်ဘဲ တံခါးကိုတွန်းပြီး
ဝင်လာသော လူကိုကြည့်ပြီး ဒေါသကထောင်းခနဲ!
ဘယ်သူဘဲဖြစ်စေ ခွင့်ပြုချက်မပေးဘဲ ကျွန်တော့်အခန်းထဲ
ဝင်လာတာကိုမကြိုက်

THE MASK [ Completed ] Where stories live. Discover now