Episode - 9

13.2K 1.2K 17
                                    

( Zawgyi ver )

ဟုတ်တယ် ကျွန်တော်သူ့ကိုချစ်မိသွားတယ်

မယုံကြည်ရဲပေမဲ့ ယုံကြည်ချင်မိတယ်
ကျွန်တော့် ဘဝထဲကိုအမှတ်တမဲ့ဝင်ရောက်လာခဲ့တဲ့
သူ့ကို အနားမှာရှိနေဖို့ ဆွဲထားချင်မိပေမဲ့ .....
ဘယ်အရာက ကျွန်တော့်ကို စိုးရိမ်စေသလဲဆိုတာကို မသိဘူး

ပြီးတော့ .....

ကံကြမ္မာကိုလည်း မယုံကြည်ရဲပြန်ဘူး

တစ်စုံတစ်ယောက်က ကိုယ့်အတွက်အမြဲတမ်း
ရှိနေနိုင်ပါ့မလား .....

မနက်ရုံးတက်ချိန်မလို့ပဲလား ဒီနေ့မှပဲကားကပိုကြပ်နေတာလားတော့ မသိ။
ရှေ့ကတမျှော်တခေါ် ကားတန်းကြီးကိုကြည့်ရင်း
လူက စိတ်မရှည်ချင်တော့ ...။
ကားနောက်ခန်းမှာထိုင်နေရင်း လက်ကနာရီကိုငုံ့ကြည့်မိတော့ 8:30.
နောက်မကျသေးဘူးဆိုတဲ့ အသိကြောင့်
မျက်လုံးကိုအသာမှိတ်ရင်း ကားကူရှင်ပေါ်နောက်ပြန်မှီချလိုက်သည်။

သူဌေးကြီးရဲ့ အမိန့်တစ်ခုအရ လတ်တလောသူအလုပ်လုပ်ရမည့်နေရာက
ဂျောင်းဂု ရဲ့ကုမ္မဏီမှာ
ကျွန်တော်ဆိုတဲ့ ကောင်က ဘယ်လောက်ဘဲကောင်းတဲ့လမ်းခင်းပေးပါစေ
လျှောက်ချင်မှလျှောက်မည်
ကြိုးဆွဲရာကတဲ့ အရုပ်တရုပ်လိုအဖြစ်မခံနိုင်တာမလို့
အပေးအယူနဲ့လက်ခံခဲ့တာဆိုပေမဲ့လည်း
သူ့မျက်နှာကိုမြင်ရမယ်ဆိုတော့
ကျေနပ်ပါတယ်။

ကားက အထပ်မြင့်အဆောက်အဦးရှေ့မှာ ရပ်တန့်သွားခဲ့သည်
စဝင်ဝင်ချင်း သူ့ရုံးခန်းရဲ့တည်နေရာကို မသိတာကြောင့်
မေးရန်အတွက် ကောင်တာရှေ့ကိုတန်းသွားလိုက်တယ်
ဝန်ထမ်းကောင်မလေးဆီက ၇ လွှာမှာဆိုတဲ့ အဖြေရတာနဲ့
အပေါ်ထပ်ကို သွားရန်ပြင်လိုက်တယ်။
elevator ရှေ့မှာရပ်စောင့်နေရင်းက မျက်လုံးကဘေးဘီဝဲယာကို ကြည့်လိုက်မိတော့
ခပ်လှမ်းလှမ်းမှာရှိတဲ့ ဝင်ပေါက်ကနေ မိန်းကလေးတစ်ယောက်နဲ့အတူတွေ့လိုက်ရတဲ့ ဂျောင်းဂု။

ရွှေအိုရောင်ဆံပင်ရှည်တို့ကို ခပ်မြင့်မြင့်စည်းထားပြီး
style pant နဲ့ coat ကိုသေသပ်စွာဝတ်ဆင်ထားတဲ့
မိန်းကလေးက ဂျောင်းဂု ရဲ့ဘေးကပ်ရပ် မရောက်တရောက်
အနေအထားမှာ စကားပြောရင်း ကျွန်တော်ရှိရာကို
လျှောက်လာလေရဲ့။
ပြီးတော့ ဘာတွေပြောလို့ ဒီလိုရယ်နေတာလဲ ....။
တဖြည်းဖြည်းနဲ့နီးလာတော့မဲ့ အခြေအနေမှာ သူ့အမည်နာမကို ခေါ်ဖို့လုပ်နေတဲ့ ကျွန်တော့်ပါးစပ်တွေ ချက်ချင်းဆိုသလို ဆွံ့အသွားခဲ့တယ်။
ရှေ့ကနေဖြတ်လျှောက်သွားတဲ့ သူ့ကိုကြည့်ပြီးတော့
ရင်ထဲမှာ တစ်မျိုးတစ်မည်ခံစားလိုက်ရသလိုပဲ ....

THE MASK [ Completed ] Where stories live. Discover now