Part 17

1.2K 142 18
                                    

ဒီ​နေ့စ​နေ့​နေ့ဖြစ်​တဲ့အပြင်​ရိုက်​ကူး​ရေးလဲမရှိတာ​ကြောင့်​သူလွတ်​လွတ်​လပ်​လပ်​နားဖို့အချိန်​ရ​နေတာမို့ခုတင်​​ပေါ်မှာခြေ​လေးဆင်းရင်းစာအုပ်​တစ်​အုပ်​ကိုဖတ်​ကာ​ကော်​ဖီတစ်​ခွက်​ကိုစိန်​​ပြေန​ပြေ​သောက်​ရင်းစည်းစိမ်​ယူ​နေမိသည်​......မကြာလိုက်​ပါ....မိုးနတ်​မင်းကသူ့ကို​အေး​အေး​ဆေး​ဆေး​နေခိုင်းချင်​ပုံမရ.....တံခါးကိုတဘုန်းဘုန်းထုကာအာသံပြဲနဲ့​အော်​ဟစ်​​နေ​သောအ​ကောင်​​ပေါက်​​ကြောင့်​အ​ပေါက်​ဝကိုအ​ပြေးအလွှားသွားလိုက်​မိတယ်​....

"ဘုန်း....ဘုန်း...."

"P'Sing!!!P'Sing!!!"

"အာ....Kit...လာမယ်​ဆိုတာဖုန်းလြဲကိုမဆက်​ဘူး...."

သူတံခါးဖွင့်​ရင်း​ပြောလိုက်​​တော့သူ့ကို​ကျော်​ကာအိမ်​ထဲဝင်​သွား​သောကိုယ်​​တော်​​ချောကဘု​တော​သေးသည်​...

"ကြိုမဆက်​ပဲလာ​တော့ဘာဖြစ်​လဲPရာ...လာလို့မရဘူးလား...."

ဝယ်​လာ​သောစုံစီနဖာအထုပ်​များကိုစားပွဲ​ပေါ်တင်​ရင်းမျက်​​စောင်းကလဲထိုး​နေ​သေးသည်​....

"မဟုတ်​ဘူး​လေ...Kitလာတဲ့အချိန်​Pမရှိရင်​ဘယ်​လိုလုပ်​မလဲ...."

"Pရဲ့ Timetable​တွေ Schedule​တွေယူထားတာအလကားမှမဟုတ်​တာ...."

ပြောပြီးလဲအငြိမ်​မ​နေလက်​ကလဲသူဝယ်​လာတဲ့မုန့်​​တွေ​ဖောက်​စား​နေ​သေးတယ်​....

"Pကအိပ်​​နေတာလား...."

စွတ်​ကျယ်​အမဲ​​လေးနဲ့Boxerအတို​လေးသာဝတ်​ထားတာမို့သူ​မေးမိ​တော့....

"မဟုတ်​ပါဘူး...စာအုပ်​ဖတ်​​နေတာ..."

"ဟုတ်​လား...Kitကိုလဲဖတ်​ပြ​နော်​....လာ..."

ပြောလဲ​ပြော​ဝယ်​လာ​တဲ့​ပေါက်​​ပေါက်​​တွေအ​အေး​တွေအကုန်​အိပ်​ခန်းထဲသယ်​ပြီးကုတင်​​ပေါ်တက်​ထိုင်​​နေတဲ့အ​ကောင်​​ပေါက်​....

"Kit!အိပ်​ယာ​ပေါ်မှာအစားမစားရဘူး..."

သူ​ပြောလိုက်​​တော့ပြူး​ကြောင်​​ကြောင်​​လေးပြန်​ကြည့်​လာတယ်​....

External Love Between UsWhere stories live. Discover now