Part 24

1.2K 148 31
                                    

Fanmeetတည်​ရှိရာNational theaterသို့သူတို့ကား​လေးဝင်​လာသည်​နှင့်​ကြိုတင်​ကာ​ရောက်​ရှိ​နေကြ​သောFanများ၏​အော်​ဟစ်​သံများ.....သူတို့အဝတ်​အစားလဲပြီးချိန်​တွင်​Hi-touchဖို့လာ​ခေါ်သည်​နှင့်​သူတို့စင်​​နောက်​ဖက်​သို့​ရောက်​လာခဲ့ကြသည်​.....Stage​ပေါ်တွင်​ဖွင့်​ထား​သောတီးလုံးသံသည်​မြူးတူးစွာကြားရသူအဖို့်​လှုပ်​ရွလာနိုင်​သည်​အထိဆွဲ​ဆောင်​နိုင်​သည်​...

"တီးလုံးကမိုက်​တယ်​​နော်​....."

"ဟုတ်​တယ်​....clubထဲ​ရောက်​​နေသလိုပဲ...."

P'Tae၏အ​ပြော​ကြောင့်​သူ​ခေါင်းညိမ့်​​ထောက်​ခံလိုက်​​တော့သူ့​ဘေးတွင်​ရပ်​​နေ​သောP'Singထံမှထွက်​ကျလာ​သောစကား​ကြောင့်​သူ့မျက်​လုံးအစုံပြုးကျယ်​သွားမိသည်​.....

"Club...ဟုတ်​လား...P​ရောက်​ဖူးလို့လား...."

သူမျက်​နှာထိမျက်​နှာထားနဲ့​မေးလိုက်​​တော့ပြန်​​ပြောဖို့စကားစရှာ​နေတဲ့Pကအူ​ကြောင်​​ကြောင်​မျက်​နှာ​ပေး​လေးနှင့်​မို့....

"သူငယ်​ချင်း​တွေ​ပြောပြတာမလား?..."

"အင်း...ဟုတ်​တယ်​...သူငယ်​ချင်း​တွေပြောပြတာ....ပြီး​တော့​လေ့လာထားတာ​လေ..."

Pအ​ပြော​ကြောင့်​သူသူ့ရင်​ဘတ်​​လေးကိုဖိမိလိုက်​သည်​....

"ဘယ်​လို..ဘယ်​လို...​လေ့လာထားတာ...ဟုတ်​လား...အဲ့လိုဟာ​တွေကို​လေ့လာထားတာလား....ကျွန်ေ​တာ်​ရင်​​လေးလိုက်​တာဗျာ...."

"မဟုတ်​ဘူး​လေကွာ...Kitကတီးလုံးမြူးတယ်​ဆိုလို့Pကမျက်​စိထဲမြင်​​ယောင်​လာ​အောင်​​ပြောပြတာ​လေကွာ...."

Pအ​ဖြေ​ကြောင့်​ဟုတ်​ပါပြီဆိုတဲ့သ​ဘောမျိုးနဲ့သူPကိုကြည့်​ရင်း​ခေါင်းသာငြိမ့်​ပြလိုက်​​တော့တယ်​....Hi-touchအတွက်​Stage​ပေါ်တက်​လာ​တော့Fanများ၏​အော်​ဟစ်​သံများကကျယ်​​လောင်​စွာ.....

"မင်္ဂလာပါ....."

Fanများအားသူတို့၏မိခင်​ဘာသာစကားနှင့်​နှုတ်​ဆက်​​နေ​သောသူတို့အသံသည်​မည်​သို့ဖြစ်​​နေသည်​​တော့မသိ....ပြန်​လည်​ကာသူတို့အားနှုတ်​ဆက်​​နေကြ​သောFan၏အပြုံးများသည်​အသက်​ဝင်​လွန်းလှတယ်​.....သူတို့အား​တွေ့ကာပြုံး​ပျော်​​နေFanများ​ကြောင့်​သူလဲ​ပျော်​မိပါသည်​....သူတို့ကိုချစ်​​ပေး​သောFanများသည်​ထိုမျှ​လောက်​ရှိ​နေမည်​ဟုမထင်​ခဲ့.....သူFanများကိုနှုတ်​ဆက်​​နေချိန်​သူ့မြင်​ကွင်းထဲသို့​ပေါ်လာ​သောအရိပ်​က​လေးတစ်​ခု​ကြောင့်​သူအံ့သြသွားခဲ့သည်​....

External Love Between UsWhere stories live. Discover now