Part 20

1.2K 132 1
                                    

"​တော်​ပါ​တော့Kitရယ်​....မငိုပါနဲ့​တော့ကွာ​နော်​...မနက်​ဖြန်​Pတို့Mayaပွဲတက်​ရဦးမှာ​လေ...​တိတ်​​တော့​နော်​....Pရဲ့ခ​လေး​လေးကလိမ်​မာပါတယ်​...."

ခေါင်း​လေးကိုခပ်​ဖွဖွပွတ်​​တော့ငို​နေရက်​နှင့်​ပင်​ရင်​ခွင်​ထဲကိုတိုးဝင်​လာတာ​ကြောင့်​သူထိုကိုယ်​လုံး​သေး​လေးကိုတင်းကြပ်​စွာပြန်​ဖက်​တွယ်​လိုက်​မိသည်​....

"Pမရှိလို့မဖြစ်​ဘူး....ကျွန်ေ​တာ့်​အတွက်​Pမရှိလို့မဖြစ်​ဘူး...."

ထိုစကားကိုသာထပ်​ခါထပ်​ခါ​ရေရွတ်​ရင်းတအင့်​အင့်​ရှိုက်​ငိုလာပြန်​သည်​မို့သူKitကိုပုခုံးစွန်း​လေးက​နေကိုင်​ကာသူနှင့်​မျက်​နှာချင်းဆိုင်​​စေလိုက်​သည်​.....

"Kit....P​ပြောတာ​သေချာနား​ထောင်​....Pတို့တစ်​​ယောက်​နဲ့တစ်​​ယောက်​အ​နေ​ဝေးသွားကြလို့Pတို့နှစ်​​ယောက်​ဆက်​ဆံ​ရေးကပျက်​ဆီးသွားမယ်​လို့Kitကထင်​​နေတာလား....Pသွားတဲ့နှစ်​နှစ်​မှာKitကဒီမှာသရုပ်​​ဆောင်​​ကောင်းတစ်​​ယောက်​ဖြစ်​​အောင်​အများကြီးသင်​ယူထား​ပေး....Pသွားပြီးပြန်​လာတဲ့အခါPနဲ့Kitအလုပ်​​တွေတူတူတွဲလုပ်​ကြမယ်​...Pတို့အရင်​ကထက်​​တောင်​ပိုနီးစပ်​လာနိုင်​​သေးတယ်​....."

"ဒါ​ပေမဲ့Pက......"

"ရှူး......"

ဆက်​​ပြောမည့်​စကားတို့ထွက်​ကျမလာခင်​သူKitရဲ့နှုတ်​ခမ်း​လေး​ပေါ်သို့လက်​​ညိုး​လေးတင်​ကာတားမြစ်​လိုက်​သည်​....

"P​ပြောတာပဲနား​ထောင်​​ပေးက​လေး....Pထွက်​သွားတာKitရဲ့​ဘေးက​နေပဲထွက်​သွားမှာ...Kitရဲ့နှလုံးသားက​နေထွက်​သွားမယ်​လို့​ပြော​နေတာမဟုတ်​ဘူး....အဲ့အတွက်​Pပြန်​လာရင်​လဲKitရဲ့​ဘေးက​နေရာကိုပဲPပြန်​လာမှာ...စိတ်​ချလို့ရတယ်​....Pဘယ်​​တော့မှKitကိုမထားခဲ့ဘူး..."

သူ​ပြောသည်​များကိုနားလည်​သည်​လား​တော့မသိ...ရှိုက်​သံများပင်​ထွက်​​အောင်​သည်း၍ငိုလာခဲ့သည်​........သူထိုခ​လေးအားရင်​ခွင်​ထဲသို့ဝင်​​စေကာသူ၏မျက်​ရည်​များကိုမမြင်​​စေရန်​ပုန်းကွယ်​​စေလိုက်​သည်​.....

External Love Between UsWhere stories live. Discover now