Chapter:5

4.9K 338 14
                                    

နွေးထွေးလွန်းသောခံစားချက်ကိုသဘောကျစွာ
ရင်ခွင်ကျယ်ကြီးဆီပိုတိုးလို့ဝင်မိသည်။
လုံခြုံမှုကိုအတိုင်းအဆမရှိသူရရှိသွားရပြန်သည်။
တစ်စုံတစ်ရာကိုသတိရမိသွားသဖြင့်
ရင်ခွင်ထဲမှထွက်ကာသူ့နဖူးပြင်ဆီစမ်းမိ၏
ဟူး...တော်ပါသေးရဲ့...သူ့ဆီက
အဖျားမကူးလို့...။

အိပ်နေသည့်တိုင်ရှင်းသန့်ချောမွတ်နေသော
မျက်နှာလေးကချောမောမှုကိုအတိအလင်း
ဆောင်ထားလေသည်။
ပထမ...
ထူထဲနေသောမျက်ခုံးအစုံကို
ခပ်ဖွဖွလေးတို့ကြည့်မိသည်။
ထို့နောက်...
နှာတံဖြောင့်ဖြောင့်လေးကိုလက်ဖျားလေးနှင့်
ဆွဲယူလိုက်ရင်းသဘောကျစွာရယ်မောမိပြန်သည်။
နီထွေးထွေးနှုတ်ခမ်းအစုံကိုကြည့်ရင်း
အာခြောက်လာသလိုဖြစ်လာ၍
တံတွေးတစ်ချက်ကိုမြိုချလိုက်မိသည်။
သူမထိရဲထိရဲနှင့်ထိုနီတာရဲနှုတ်ခမ်းလေးကို
ထိကြည့်မိတော့...
Hunကိုယ်လေးကလူးလွန့်လာသဖြင့်
သူလန့်သွားရလေသည်။
နိုးထလာလေသောHunသည်သူ့ကိုမြင်တော့
နဖူးကိုလာစမ်းသည်။

''မဖျားတော့ပါဘူးHunရဲ့...''
''နိုးနေရင်လည်းနှိုးလိုက်တာမဟုတ်ဘူး
Hanစားဖို့တစ်ခုခုပြင်ထားရအောင်ကို
ဗိုက်ဆာနေရောပေါ့''
''မဆာဘူးHunအိပ်ရေးပျက်နေမှာပေါ့
မနက်ကအစောကြီးထလိုက်ရတာ
ဆက်အိပ်လေ...ငါပဲသွားပြင်လိုက်မယ်''

''လူမမာကလူမမာလိုမနေဘူးHan
အဖျားမရှိတော့ပေမဲ့အားနည်းနေသေးတယ်
အလုပ်သွားမယ်တွေဘာတွေပြောရင်
ကျနော်Hanအိမ်ကိုလှမ်းတိုင်ပစ်မှာ''
နှုတ်ခမ်းလေးတစူစူနှင့်သူ့ကို
ကလေးတွေခြောက်သလိုခြောက်နေသော
Hunကိုအသည်းယားစွာနှာခေါင်းထိပ်လေးကို
ဆွဲဖြစ်လိုက်မိသည်။

''ကြောက်ပါတယ်ဗျအိမ်တော့မတိုင်လိုက်ပါနဲ့နော်
Hunစကားကိုမြေဝယ်မကျနားထောင်ပါ့မယ်''
''ဘယ်တုန်းကများစကားနားထောင်လို့လဲ
တကယ်ပြောတာ...နောက်ဆိုအဲ့လိုအလုပ်တွေ
ပင်ပင်ပန်းပန်းမလုပ်ပါနဲ့ဗျာ...
Hanတော်မှန်းကျနော်သိပါတယ်
မနေ့ကHanရဲ့လေတိုက်ရင်လဲတော့မလိုပုံစံကိုမြင်ရတော့
ကျနော်ဘယ်လောက်စိုးရိမ်သွားရတယ်ထင်လဲ....''

Hunစကားတွေကြောင့်သူစိတ်မကောင်းဖြစ်သွားရသည်။
သူ့ရဲ့နေမကောင်းဖြစ်မှုသည်Hunအပေါ်ဒီလောက်
သက်ရောက်သွားမယ်မှန်းမထင်ခဲ့မိပါ။
မနေ့ကHunရဲ့ပျာပျာသလဲဖြစ်နေပုံတွေ...
စကားတောင်မပြောရအောင်စိတ်တိုနေပုံတွေသည်
သူ့ကိုနောက်တစ်ခါထမ်မဖျားရအောင်
သတိပေးလျက်ရှိနေလေသည်။

A LOVE THAT WE NEVER NOTICEDWhere stories live. Discover now