Chapter:14

4.4K 266 16
                                    

ညနေဆည်းဆာကရောင်နီသဲ့သဲ့လေးကို
အလှပဆုံးဖြန့်ခင်းထားလေတော့…

သူနဲ့လိုက်ဖက်စွာပင်လယ်ကြီးကလည်း
လှိုင်းသံသဲ့သဲ့ပေးကာ…

သံစဉ်တစ်ခုကိုလှပစွာဖန်တီးပေးထားပြန်သည်။

Sehunခင်ဗျာအဲ့ဒီအလှအပတွေကို
မခံစားနိုင်သေး…။

ရင်ခွင်ထဲမှအသစ်စက်စက်ချစ်သူလေးရဲ့
အလှကိုသာရှုမဝစွာကြည့်နေရင်း
အလုပ်ရှုပ်နေမိသည်။

Hanဆံသားပျော့ပျော့လေးတွေကို
တစ်ချက်နမ်းလိုက်တော့…

နှင်းဆီရနံ့လေးကအနံ့အာရုံထဲ
တိုးဝင်လာလျက်~~

လှည့်ကြည့်လာသော
Hanမျက်ဝန်းလှလှလေးတွေဟာလည်း
အရောင်တဖျတ်ဖျတ်တောက်လို့…

''Hanကိုချစ်လိုက်တာဗျာ''

မိန်းကလေးတစ်ယောက်မဟုတ်တာမို့
ရှက်ပြုံးလေးနဲ့အတူခေါင်းလေးတော့ငုံ့မသွား…

သူ့မျက်လုံးတွေကိုတည့်တည့်စိုက်ကြည့်ကာ
ပြန်ပြောသည်။

''ငါလဲမင်းကိုချစ်တာပဲHunရာ''

Hanနှုတ်ဖျားထက်မှကြွေကျသော
ချစ်စကားသည်အဘယ့်ကြောင့်
တေးဂီတထက်သာယာနာပျော်ဖွယ်ရှိလွန်းနေပါလိမ့်

''အိမ်ပြန်ရအောင်Hun''

''အခုလား…''

''အင်းလေ…''

''Hanကလည်းနောက်ရက်မှပြန်ရအောင်လေ
အခုပဲရောက်လာတာကို
ချက်ချင်းတန်းပြန်ရင်Hanပင်ပန်းနေမှာပေါ့''

''ပြီးရော…''

''ညလဲရောက်တော့မှာဆိုတော့
ပြန်ကြရအောင်ရွာသားတွေစိတ်ပူနေမယ်''

Hanက
ခေါင်းလေးတစ်ချက်ညိတ်ပြပြီး
မတ်တတ်ထရပ်လိုက်သည်။

သူ့ကိုလက်ကမ်းပေးလာသော
Hanလက်ဖျားနုနုလေးကို
နာမှာစိုး၍ခပ်ဖွဖွဆွဲကိုင်ရင်းသူပါမတ်တတ်ရပ်လိုက်သည်။

''သွားစို့''

နှစ်ဦးသားပြိုင်တူပြုံးမိရင်း
ပင်လယ်ကြီးကိုကျောခိုင်းလိုက်ကြပါသည်။

နေမင်းကြီးနဲ့လှိုင်းပုတ်သံတဝုန်းဝုန်းကတော့
သူတို့နှစ်ယောက်ရဲ့အငွေ့အသက်တွေကို
ပိုက်ထွေးလို့ကျန်ခဲ့လေရဲ့…

A LOVE THAT WE NEVER NOTICEDWhere stories live. Discover now