''ဟုတ်မှဟုတ်ပါ့မလားထင်နေတာ
အခုတော့ရှင်ကနောက်တစ်ယောက်နဲ့တွဲနေပြီပေါ့''''မင်းငါ့ကိုလာမစော်ကားနဲ့''
''လက်ပူးလက်ကြပ်မိထားတာတောင်
ငြင်းချင်သေးတယ်ပေါ့လေ''''ဘာလဲကိုကြီးရာ…အစကတည်းကအိမ်ထောင်ရှိရက်နဲ့
ကျမကိုလာပက်သက်တာလား''''ဟုတ်တယ်ဒါငါ့ယောက်ျား''
''တော်တော့မင်းကငါ့ကိုပိုင်သလိုဆိုင်သလိုပြောနေရအောင်
မင်းနဲ့ငါကအချင်းချင်းချစ်လို့လက်ထပ်ခဲ့တာလား''''ရှင်…ရှင်''
ဇာတ်လမ်းကိုစိတ်ဝင်တစားကြည့်နေသော
Hanမျက်လုံးတွေကထိုအခန်းတွင်ပိုမို
စိတ်ဝင်စားလာသယောင်…။
Hanဘာကြောင့်ဒီအိမ်ထောင်ရေးဖောက်ပြန်တဲ့ကားကို
သိပ်စိတ်ဝင်စားနေပါလိမ့်…။''Hun…''
''ပြောလေHan''
''တစ်ယောက်နဲ့တစ်ယောက်မချစ်ဘဲလက်ထပ်ရင်
ဒီလိုတွေဖြစ်တတ်သလား''အဲ…ထင်တော့ထင်ပါရဲ့…Hanကလေ
ပေါက်တတ်ကရတွေသိပ်တွေးတတ်တာပဲ''အင်းဖြစ်တတ်ပါတယ်…
ကို့အိမ်ထောင်ကိုတန်ဖိုးမထားတတ်ဘဲ
သာယာမှုနောက်ကိုလိုက်တတ်တဲ့
ဦးနှောက်မရှိတဲ့လူတွေမှာပေါ့''သူ့အဖြေကိုသဘောကျသွားကာHanက
ခေါင်းတဆတ်ဆတ်ညိတ်သည်။''ဒါပေမဲ့…ဟိုအချစ်ဆိုတာမပါဘဲနဲ့ဆိုရင်ရော''
အစိုးရိမ်လွန်နေသောHanနဖူးလေးကို
ခပ်ဖွဖွတောက်လိုက်သည်။''ကျနော်စတွေ့တုန်းကLuhanဘယ်ရောက်သွားပါလိမ့်
အိမ်ထောင်တစ်ခုမှာအချစ်ကအရေးမကြီးပါဘူးဆိုဆယ်ကျော်သက်တွေမှမဟုတ်တော့ဘဲဆို
ကျနော်တို့ကြားမှာHanပြောတဲ့အတိုင်းနားလည်မှု…ယုံကြည်မှု…သစ္စာရှိမှုတွေနဲ့
တည်ဆောက်ထားတဲ့အိမ်ထောင်ရှိတယ်လေဗျာ''သူပြောသမျှကိုမျက်လုံးလက်လက်လေးတွေနှင့်Hanက
လေးလေးနက်နက်နားထောင်နေလေရဲ့…။
ဟာ…ဘာကြောင့်Hanသည်တစ်နေ့တခြား
ပြောင်းလဲလာပါလိမ့်…
YOU ARE READING
A LOVE THAT WE NEVER NOTICED
Romantikစီးပွားရေးကိုသာနားလည်ပြီး အချစ်ကိုဘာမှန်းမသိတဲ့Luhanဆိုတဲ့ကောင်လေးရယ် ဆရာဝန်လေးSehunရယ် နားလည်မှုနဲ့တည်ဆောက်ထားတဲ့ အိမ်ထောင်တစ်ခုကိုတည်ထောင်မိသောအခါ...