''ချန်းဟွန်းလေး...ချန်းဟွန်းလေးရေ
ဦးဆီလာပါဦး''မြေပြင်ပေါ်လေးဖက်လေးထောက်လျက်
ဟိုဒီပြေးဆော့နေသောကလေးငယ်ဟာHunအသံကြားတာနဲ့Hunဆီ
သူ့ကိုယ်တုတ်ခဲခဲလေးကို
တရွေ့ရွေ့နှင့်ရောက်အောင်သွားသည်။ကလေးလေးကိုပွေ့ချီ၍ဆော့နေသော
Hunရဲ့မျက်ဝန်းတွေမှာအကြင်နာတွေအပြည့်နို့ဘူးကိုတိုက်မယ်လုပ်တော့...
Hunကသူ့လက်ထဲမှဆွဲယူရင်း
သိပ်ပူမပူစမ်းကာ...ကလေးသောက်လို့ရမဲ့အပူချိန်ရောက်မှ
ဖြည်းဖြည်းချင်းချော့တိုက်သည်။ဒီHunသဲသဲလှုပ်ချစ်ရသည့်
ချစ်စရာ့ကလေးငယ်ဟာ
Hunရဲ့အမတစ်ဝမ်းကွဲဆိုးလီရဲ့တစ်ဦးတည်းသော
သားလေးချန်းဟွန်းပင်...နိုင်ငံခြားကိုအရေးတကြီးအလုပ်ကိစ္စနှင့်
့်လင်မယားနှစ်ယောက်လုံးခရီးထွက်သွားရသဖြင့်
ချန်းဟွန်းလေးကိုကြည့်ပေးဖို့သူတို့နှစ်ယောက်ကို
အကူအညီတောင်းထားခဲ့သည်။အခုဆိုချန်းဟွန်းလေးရောက်လာတာသုံးရက်ရှိုပြီ
သူကတော့ရုံးမှာအရေးကြီးအစည်းအဝေးလုပ်တိုင်း
ပြေးနေရပေမဲ့Hunကတော့
တစ်ပတ်တိတိခွင့်ယူကာကလေးထိန်းတာဝန်ကိုယူသည်။ချန်းဟွန်းလေးကိုကျွမ်းကျင်စွာပွေ့ထားလျက်
အပြုံးတွေဝေဆာနေသောHunပုံရိပ်ဟာ
ဖခင်ကောင်းတစ်ယောက်ရဲ့ပုံရိပ်ကို
အပြည့်အဝဆောင်နေလေသည်။Hunဘေးမှာ
တကယ်လို့သူ့လိုနို့မှုန့်မဖျော်တတ်
ကလေးမချီတတ်မချော့တတ်မထိန်းတတ်တဲ့
ယောကျာ်းတစ်ယောက်အစား...အိမ်ထောင်မှုနိုင်နင်းတဲ့ခပ်လှလှ
အမျိုးသမီးတစ်ယောက်သာဆိုရင်
ဘယ်လောက်တောင်ပြီးပြည့်စုံသည့်
မိသားစုလေးဖြစ်နေမလဲဆိုသည့်အတွေးက
သူ့နှလုံးသားကိုတဆစ်ဆစ်နာကျင်စေသည်။''Hanရေဘာလို့မျက်နှာကမသာမယာဖြစ်နေရတာလဲ
လာပါဦးချန်းဟွန်းလေးကိုခနချီပေးထား...ကျနော်ချန်းဟွန်းလေးစားဖို့ထမင်းပျော့ပျော့
လေးကိုနွားနို့လေးနဲ့လုပ်ပေးဦးမယ်...
![](https://img.wattpad.com/cover/169686568-288-k477290.jpg)
YOU ARE READING
A LOVE THAT WE NEVER NOTICED
Romanceစီးပွားရေးကိုသာနားလည်ပြီး အချစ်ကိုဘာမှန်းမသိတဲ့Luhanဆိုတဲ့ကောင်လေးရယ် ဆရာဝန်လေးSehunရယ် နားလည်မှုနဲ့တည်ဆောက်ထားတဲ့ အိမ်ထောင်တစ်ခုကိုတည်ထောင်မိသောအခါ...