''မူးနေလားHanကျနော်ဆေးယူပေးရမလား''
''ရတယ်Hunသက်သာသွားမှာ''
ဖျော့တော့တော့မျက်နှာလေးကိုကြည့်ကာ
သူစိတ်မသက်မသာဖြစ်ရပြန်သည်။အန်တီTaoသာအသည်းအသန်ဖြစ်မနေဘူးဆိုရင်
Beijingကိုသူကားနဲ့သွားရသွားရ
ဘယ်နှစ်ရက်ကြာကြာ
Hanကိုလိုက်ပို့မှာ...အခုတော့လေယာဉ်စီးရင်အမြဲမူးတတ်သောHan
ကလေယာဉ်နှင့်သာသွားရလေသည်။ဒါတောင်သူ့ကိုမလိုက်ခဲ့ပါနဲ့လုပ်သေးတာ
ဒီအကောင်ပေါက်လေးကိုတစ်ယောက်တည်း
သူဘယ်လိုစိတ်ချမှာတဲ့လဲBeakhyunကိုလည်းဒီကြားထဲသူ့အလုပ်ကိစ္စတွေ
လွှဲခဲ့တာမို့လိုက်မဖြစ်ချွေးစေးလေးတွေစို့နေသည့်Hanလက်ကလေးကို
သူဖွဖွလေးဆုပ်ကိုင်လိုက်တော့Han...
ွယောင်ယောင်လေးပြုံးသွားတာကိုသူမြင်လိုက်ပါသည်။''အိပ်ရင်အိပ်လိုက်ပါလားHan
ရောက်မှကျနော်နှိုးမယ်လေ''''အင်း...ဒါဆိုHanခနအိပ်ဦးမယ်နော်''
မျက်လုံးလှလှလေးတွေကိုပိတ်လိုက်တော့
မျက်တောင်ရှည်ရှည်လေးတွေက
နေရာယူလာလေသည်။ရှေ့ဆံပင်လေးတွေကအလိုက်မသိစွာ
ကျနေတော့သူသပ်တင်ပေးလိုက်သည်။တော်ကြာHanမျက်လုံးကိုစူးနေမှဖြင့်...
တဖြည်းဖြည်းယိုင်ကျလာသောHanကိုယ်လေးကို
သူပုခုံးပေါ်မှီစေလိုက်သည်။အေးအေးချမ်းချမ်းအိပ်ပါHan
''Attention please''
လေယာဉ်မယ်ရဲ့အသံကိုသူကြားတော့မှ
အိပ်စက်ခြင်းကနေလွန်မြောက်လာခဲ့တော့သည်။ရနေကျကိုယ်သင်းရနံ့လေးကြောင့်
သူပြုံးမိသွားသေးသည်။
''နိုးပြီလား...Han''''အင်း...ဘာလို့မှီခိုင်းထားတာလဲ
ဟိုဘက်တွန်းလိုက်တာမဟုတ်ဘူး
အခုHunပုခုံးတွေနာနေပြီမလား''''မနာပါဘူးHanရဲ့...ဒါနဲ့ကျနော်တို့ရောက်တော့မှာ''
''အင်းသိတယ်...''
ပြတင်းပေါက်ကနေမြင်နေရသော
Beijingရဲ့မြို့ပြပုံစံဟာ...သူ့ကိုရင်းရင်းနှီးနှီးကြိုဆိုနေလေရဲ့
လွမ်းနေခဲ့တယ်...Beijingကိုလေ

YOU ARE READING
A LOVE THAT WE NEVER NOTICED
Romanceစီးပွားရေးကိုသာနားလည်ပြီး အချစ်ကိုဘာမှန်းမသိတဲ့Luhanဆိုတဲ့ကောင်လေးရယ် ဆရာဝန်လေးSehunရယ် နားလည်မှုနဲ့တည်ဆောက်ထားတဲ့ အိမ်ထောင်တစ်ခုကိုတည်ထောင်မိသောအခါ...