Chapter:10

4.5K 292 23
                                    

ချစ်ခြင်းသည်
ထူးဆန်း၏။

တစ်ခါတစ်လေသိစိတ်မှချစ်တယ်ထင်ပြီး
နှလုံးသားထဲမှာတကယ်စွဲမြဲသော
အချစ်မဟုတ်တာလဲရှိသလို

နှလုံးသားဆီမှာအမြစ်တွယ်လေသော
အချစ်ဖြစ်တည်နေတာတောင်
သိစိတ်ကချစ်လို့ချစ်နေမိမှန်းမသိတဲ့
အူကြောင်ကြောင်အချစ်တွေလဲရှိသေး၏။

ကျနော်Oh Sehunသည်လည်း
Luhanဆိုသောကျနော့်ခင်ပွန်းကို
ထိုအူကြောင်ကြောင်အချစ်မျိုးနှင့်ချစ်မိခဲ့လေပြီ။

ဟုတ်သည်။

သူ့ကိုချစ်သည်။

စတွေ့တွေ့ချင်းလား…

သူ့အပြုံးလေးကိုငေးမိသွားတဲ့အချိန်ကလား

သူ့ကိုရင်ခွင်ထဲထည့်အိပ်မိတဲ့အချိန်ကလား

သှူုနှုတ်ခမ်းဖျားမှာရေခဲမုန့်တွေပေပွနေတဲ့အချိန်ကလား

သူနေမကောင်းသည့်အချိန်ကလား

အဲ့လို
ဘယ်အချိန်ကတည်းကချစ်လို့ချစ်မိသွားမှန်းတောင်
မသိတဲ့အူကြောင်ကြောင်အချစ်ကလေးတစ်ခု
ကျနော့်မှာရှိသည်။

သူ့ကိုချစ်နေမိမှန်းသတိထားမိခဲ့တာဟာလဲ
သူ့ရဲ့ခပ်ဆိုးဆိုးလုပ်ရပ်လေးကြောင့်ပါလေ

ဒီသုံးရက်အတွင်းမှာ
Hanကြောင့်သူငိုခဲ့ရသည်။

Hanကြောင့်သူနာကျင်ခဲ့ရသည်။

တစ်ဖန်Hanသာကွာရှင်းခဲ့ရင်ဆိုသောစိတ်နှင့်
ရူးလောက်အောင်နှလုံးသားကခံစားရသည်။

Hanသာသူ့အနားမရှိတော့ရင်
မဖြစ်တော့အောင်Hanကိုသူလိုအပ်မိခဲ့သည်။

တစ်ချိန်တည်းမှာHanကိုသူချစ်များချစ်မိနေပြီလားလို့
တစ်ချက်သတိထားမိတော့မှ

နှလုံးသားကအခုမှသိရလား
မင်းLuhanကိုချစ်မိတာကြာပြီ
Oh Sehunရဲ့ဟုအပြစ်တင်လာသည်။

Hanကိုလက်ထပ်ပြီး…ပိုင်ဆိုင်ရပြီးမှ
ချစ်သူတွေအဖြစ်နေရမှာနည်းနည်းတော့
ရယ်စရာကောင်းသည်။

သို့သော်မင်းHanကိုချစ်နေပါပြီကွာလို့
နှလုံးသားကအစီရင်ခံတင်ပြလာသည်ကို
ဦးနှောက်မှအတည်ပြုလက်ခံခဲ့သည့်နောက်မှစလို့
Hanအပေါ်သူ့အမြင်သည်လုံးဝပြောင်းလဲလာခဲ့ရသည်။

A LOVE THAT WE NEVER NOTICEDWhere stories live. Discover now