အပိုင်း ( ၉ )/ အပိုငျး (၉)

756 90 34
                                    

Zawgyi

မင်းစန္ဒာ၏ လရောင်အောက်တွင် ပြေးလွှားနေခဲ့သည့်
မြင်း(၄)ကောင် က,သည့် စီးတော်ယာဉ်သည်ကား လိုရာခရီးသို့ ဆိုက်ရောက်ခဲ့ပြီဖြစ်သည်။

ဝတ်ရုံတော်၏ ခန့်ထည်ခြင်းနှင့်အတူ လေအဝှေ့တွင် အပြေးတပိုင်းရွေ့လျားနေသည့် မင်းတစ်ပါးသည် ကား ဂျိုဆွန်းပြည့်ရှင် ဧကရာဇ်မင်းရာဇာ။

သူ့၏ နောက်တော်တွင်ကား ဖွဲ့စည်းပုံမပျက်စေဘဲ လိုက်ပါလာသည့် ၀တ်ရုံတကားကားနှင့် ကုန်းကုန်း များ......။

စက်တော်ခေါ်ရာ နားနေဆောင်သို့အရောက် ရွတ်ခနဲ
တံခါးရွက်များကို ဖွင့်လှစ်ပေးကြ၏။

မင်းရာဇာနှင့်အတူ အလုံးအရင်းလိုက် အားပါးတရ ချီတက်လာသည့် အုပ်စုကြီးသည် ဖွင့်ကာကြိုနေသည့် အဆောင်တော်သို့ ၀င်ရောက်အံ့ ဟန်အပြင်...

ရှေ့ဦးတော်မှ ရုတ်တရပ် ရပ်တန့်လိုက်သော ဦးဆောင်သူ မင်းတရားကြီးကြောင့် နောက်တော်မှ
အရှိန်ဖြင့် ပြေးလိုက်နေကြသည့် ကုန်းကုန်းများမှာ ၀ရုန်းသုန်ကား ၀င်တိုက်ကြကုန်၏။

" ဖုံး....ဖုံး.....ဖုံး"

(၀င်တိုက်သံ)

ဝင်တိုက်သော်ငြားလည်း "ကုန်းကုန်းတို့အိနြေ္ဒ ၀င်တိုက်၍မရ " ထုံးကို နှလုံးမူကာ ၀င်မတိုက်ချင် ယောင်ဆောင်လိုက်ကြသည်။

" ၀ှစ်...၀ှစ်...၀ှစ်..."

( မူလဖွဲ့စည်းနေရာချထားမှုအတိုင်း နေရာပြန်ရွေ့သံ)

မင်းရာဇာသည်ကား ရပ်တန့်နေရာက တုပ်တုပ်မျှ မလုပ်။ ဖွင့်ထားသော တံခါးရွက်များအား မမြင်ဖူး သယောင် ငေးနေလေ၏။

တံခါးရွက်ဖွင့်ပေးသည့် ကုန်းကုန်းများနှင့်တကွ နောက်တော်ပါ ကုန်းကုန်းများကလည်း မင်းကြီး၏ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြပြီ။

# အရှင်မင်းကြီးရယ်...။ ၀င်မယ်ဆိုလည်း ၀င်လိုက်ပါ တော့။ မ၀င်ဘူးဆိုလည်း စက်တော်ခေါ်မယ့် အဆောင်တော်ဆီသာ ကြွမြန်းပါတော့ ဘုရား...။#

ကုန်းကုန်းတို့သည်ကလည်း အရှင်မင်းကြီးသွားလေ ရာ ခြေကျင်သာ လိုက်ပါရသည်မို့ ပင်ပန်းလှချေပြီ။

သူစိမ်း  (Completed)Donde viven las historias. Descúbrelo ahora