အပိုင်း (၁၁)/ အပိုငျး (၁၁)

651 95 99
                                    

Zawgyi

" နယ်စပ်ရဲမက်လေးက ကြိုးစားလှချည်လား "

အသံလာရာသို့ စစ်သူကြီး Kim လှည့်ကြည့်မိတော့
ပြုံးရွင်ကြည်လင်သည့် မျက်နှာထားရှိသော အသက်သခင်ကျေးဇူးရှင်....။

တစ်နည်း.....ရှီအုမင်။

" ဟင်....သမားတော်လေး မပြန်ရသေးဘူးလားဗျာ့"

စစ်သူကြီး Kim ၏ အံ့သြနေဟန်က အထင်အရှား။

" ဘယ်ပြန်ရမလဲဗျာ့...။ ကျွန်တော်ကယ်လိုက်တဲ့ နယ်စပ်ရဲမက်လေးက ဂျိုဆွန်းပြည်ရဲ့ အားထားရဆုံး စစ်သူကြီးဖြစ်နေတဲ့အပြင် အရှင်မင်းကြီးရဲ့ အလေး ပေးခြင်းခံရတဲ့ ဂုဏ်ထူးဆောင်သူ ဖြစ်နေလေတော့ ကျွန်တော်လည်း လွယ်လွယ်ကူကူ ဌာနေပြန်ခွင့် မရဘူးပေါ့လေ။ "

ရှီအုမင်၏ အဖြေကြောင့် စစ်သူကြီး Kim မှာ မိမိကိုယ်ကို အပြစ်ရှိသူကဲ့သို့ ခံစားလိုက်ရ၏။

" ကျွန်တော် သမားတော်လေးကို ညာပြောဖို့ မရည်ရွယ်ပါဘူးဗျာ။ တောင်းပန်ပါတယ်။ ကျနော့်ကို စိတ်မခုပါနဲ့ "

တိုးလျှိုတောင်းပန်နေသည့် စစ်သူကြီး Kim ၏ မျက်နှာပေါ်တွင် အားနာဟန်များဖြင့် နေရခက်နေပုံရ
သည်။

" ကျွန်တော့်ကို တောင်းပန်စရာမလိုပါဘူးဗျာ။ တစ်ခု လောက် ပြန်ကူညီရင်ပဲ ကျေးဇူးတင်ပါ့မယ် "

ယပ်တောင် တဖြတ်ဖြတ်ခပ်ရင်း ခပ်ပြုံးပြုံးဆိုသည့် သမားတော်လေး ရှီအုမင်၏ တောင်းဆိုပုံက တစ်ဖက် လူ မငြင်းရက်စရာ ဖြစ်လေသည်။

အပြာရောင်နုနုဝတ်စုံသည် သစ်လွင်မနေသော်လည်း နုပျိုသည့် ရှီအုမင် ၀တ်ဆင်ထားသည်ဖြစ်ရာ တော်သင့်ရုံထက် ကျော်လွန်စွာ မြင်ရသူအဖို့ သက်သောင့်သက်သာခံစားရစေသည်။

စစ်သူကြီး Kim အတွက် သမားတော်လေး ရှီအုမင် သည်က ယုံကြည်ရလောက်မည့် လူတစ်ယောက်..။

" ကျွန်တော်တက်နိုင်တဲ့ကိစ္စဆိုရင် ကူညီပေးဖို့ အသင့်ပါပဲဗျာ "

နာကျင်နေသော ကျောမှ ဒဏ်ရာများကို ခပ်ဖွဖွပွတ် ရင်း အဖြေပြန်ပေးသည့် စစ်သူကြီး Kim ၏ မျက်နှာ သည် နာကျင်မှုကို အန်တုနေရမှန်း သိသာလှပေ သည်။

သူစိမ်း  (Completed)Donde viven las historias. Descúbrelo ahora