အပိုင္း (၂၇)/ အပိုင်း (၂၇)

184 25 5
                                    

Unicode

မိဖုရားခေါင်ကြီး၏ အဆောင်တော်တွင် ဖြစ်သည်။

ဆီမီးအလင်းရောင်မိန်ပျပျက မိဖုရားခေါင်ကြီး အိပ်စက်ရာ ညောင်စောင်းတစ်ဝိုက်တွင်
ကျရောက်လျက်ရှိသည်...။

အိပ်စက်နေသည့် မိဖုရားကြီး၏ မျက်နှာတော် လှလှသည် တစ်စုံတစ်ရာအား ကြောက်ရွံ့နေဟန် တုန်လှုပ်လျက်ရှိသည်...။

မျက်ခုံးတို့အား တွန့်ချိုးထားရုံသာမက
စောင်ထူထူအားလည်း တင်းကြပ်စွာ တွယ်ဖက် ထားလေ၏...။

အသံရှူသံပြင်းပြင်းက ခက်ခဲစွာ အသက်ရှူနေ ရကြောင်း သိသာစေ၏...။

သန်းခေါင်ယံ နှစ်ချက်ထိုးပြီဖြစ်ကြောင်း အသိပေးသည့် တုံးခေါက်သံက ဆိတ်ငြိမ်နေ
သည့် ဂျိုဆွန်းပြည်တစ်ခွင်ကို ညင်သာစွာ ပျံ့နှံ့ သွားပါ၏...။

မိဖုရားကြီးမှာ ထိုတုံးခေါက်သံနှင့်အတူ အိမ်မက် ဆိုးမှ နိုးထလိုက်ချင်သော်လည်း အင်အား
ကြီးမားသည့် နဂါးတစ်ကောင်၏ ရစ်ပတ်ထားမှု အား မည်သို့မျှ မရုန်းနိုင်ဘဲ အိမ်မက်ထဲတွင်သာ တဝဲလည်လည် ဖြစ်နေပါ၏....။

စိမ်းဖန့်သည့် မျက်လုံးကြီးများဖြင့် မိဖုရားကြီး
အား စူးစူးစိုက်စိုက်ကြည့်ရင်း ဟိန်းဟောက်နေ
သည့် ​နဂါးကြီးမှာ စိတ်ဆိုးနေဟန်ရှိ၏..။

ထိုနဂါးကြီးသည် ရွှေရောင်တစ်ဖိတ်ဖိတ်တောက် နေသည့် ကြေးခွံများဖြင့် လူးလိမ့်လိုက်တိုင်း ထင်းကနဲ လင်းကနဲ ဖြစ်နေတက်၏...။

မိဖုရားကြီးအား စိတ်ဆိုးလွန်း၍ ဝါးမြိုပစ်တော့ မယောင် ပါးစပ်အား ပိတ်ချည် ဖွင့်ချည် ပြုနေ ပြန်၏....။

မိဖုရားကြီးမှာ နဂါးကြီး၏ ရစ်ပတ်ခံထားရမှု အပြင် ကြီးမားကျယ်ပြောသည့် နဂါး၏
ခံတွင်းဝအား မျက်စိရှေ့တွင် မြင်တွေ့နေရသောကြောင့် ကြီးစွာသော တုန်လှုပ်မှုဖြစ်ပေါ်လျက် ရှိပြီး ချွေးစေးများဖြင့် ရွဲစိုလျက်ရှိလေသည်..။

တစ်စုံတစ်ယောက်အား အကူအညီအော်တောင်း
လိုက်ချင်သော်လည်း အာစေးကပ်နေသည့် နှုတ်ခမ်းတို့က ဖွင့်ဟ၍ မရ.....။

သူစိမ်း  (Completed)حيث تعيش القصص. اكتشف الآن