အပိုင်း (၂၁)

498 68 28
                                    

ငါ့မျက်လုံးတွေကို တည့်တည့်ကြည့်ပြီး ဖြေလိုက်စမ်း ပါ Jong In...။

" ဟုတ်ကဲ့..."

စစ်သူကြီး Kim ၏ အဖြေသည် ဘာကိုဆိုလိုချင်သည် မင်းကြီး မသိနိုင်။

" ဘာအဓိပ္ပါယ်လဲ ဟုတ်ကဲ့ဆိုတာ..."

" ကျွန်တော်မျိုးမှာ စိတ်ဝင်စားရမယ့် မိန်းကလေး မရှိသေးပါဘူးခင်ဗျာ "

ဘယ်လို...။ မိန်းကလေး ဟုတ်စ။ ငါ မေးတာက စိတ်ဝင်စားနေတဲ့သူရှိလားလို့ပဲမေးတာ။ မိန်းကလေး/ယောကျာင်္းလေးလို့များ ခွဲမေးမိလို့လား။

*မိန်းကလေးမရှိသေးဘူးဆိုတော့ ယောင်္ကျားလေး ကော....*

မမေးသင့်သော မေးခွန်း ။
ထို မေးရန်မသင့်သော မေးခွန်းအား Jong In ၏ ပခုံးအား တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ကာ မေးလိုက် ချင်ပါ၏၊

အတန်ကြာသည်အထိ မျက်လုံးချင်း ပြေးတမ်း လိုက်တမ်း ကစားနေကြပြီးနောက် စစ်သူကြီး Kim က အကြည့်အရင် လွဲဖယ်ပါ၏။

မင်းကြီးသည်ကား ရှေ့မှာထိုင်နေသည့် မလှုပ်မယှက် ပုဂ္ဂိုလ်​အား ခုန်အုပ်ကာ နာနာရိုက်ပစ်ချင်စိတ်များ ပေါက်နေပါ၏။

မသေတက်ဘူးဆိုပါက 'ငါမေးတာကို ရှောင်ဖြေရ ကောင်းမလား' ဆိုကာ သူ၏တစ်ကိုယ်လုံးအား
လှံဖြင့် တဇွိဇွိ ထိုးပစ်ချင်ပါ၏။

မီးကျောက်သေနတ်ဖြင့် နားထင်တည့်တည့် တေ့၍ ပစ်ထည့်ချင်စိတ်များပါ ပေါက်နေပါ၏။

" ဂြီ~~~"

ထိုအသံသည် မင်းကြီး၏ အတွေးအမြင်အားလုံးအား လွင့်ထွက် ပျောက်ကွယ်သွားစေ၏။

" ဂြီ~~"

ဟော်...ထွက်လာပြန်ပြီ ဒီအသံ။ အဲ့ဒါ စစ်သူကြီး Kim ရဲ့ ဗိုက်က ထွက်လာတာ...။

" တောင်းပန်ပါတယ် "

" ရာရာစစ....ငါရှေ့မှာ....။ နန်းပြင်ထွက်မယ်။ ၀တ်စုံပြင်ဆင်ခဲ့။"

" ဟုတ်ကဲ့..."

***************************************

နေမွန်းတည့်တည့်အချိန်တွင် ဂျိုဆွန်းဈေးလမ်းမ၏ အသားဆန်ပြုတ်ဆိုင်အတွင်း ခန့်ခန့်ထည်ထည် လူနှစ်ဦး ခေါင်းမဖော်တမ်း စားသောက်နေကြသည် ကို တွေ့မြင်ကြရမည်ဖြစ်သည်။

သူစိမ်း  (Completed)Où les histoires vivent. Découvrez maintenant