အပိုင်း (၂၃)/အပိုငျး(၂၃)

494 71 5
                                    

အပြန်ခရီးသည် တိတ်ဆိတ်လျက်ရှိပါ၏။

စစ်သူကြီး Kim ၏ အတွေးတို့သည်ကား မှုန်မှိုင်း
လျက်။

မိမိ ဘ၀သည် မင်းကြီး၏ ပိုင်ဆိုင်ရာဖြစ်လေ၏။
သတ်ရင်သေ၊ ထားရင်နေ၊ စေရင်သွားရမည့် ဘ၀ဖြစ် သည် မှန်သော်လည်း ....သေနတ်ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်သူကြီး Kim ဘာကြောင့် စိတ်ထဲ နေ၍ မကောင်းမှန်း နားမလည်နိုင်။

မင်းကြီးမှာမူ အတွင်းဝတ်ရုံ၏ ခါးကြားထဲတွင် ထိုးထား သည့် အဆင့်မြင့်သေနတ်ကြောင့် ပြုံးရွင်လျက်ရှိလေ ၏။

" အရှင်မင်းကြီး...။ ကျွန်တော်မျိုး မေးစရာရှိပါတယ် ဘုရား"

" အင်း....။ နားထောင်ကြည့်ရအောင်"

" Yeol လေး...ဆိုတဲ့သူနဲ့ ရင်းနှီးတာကြာပြီလား ဘုရား"

စစ်သူကြီး Kim ၏ အမေးကြောင့် မင်းကြီးကား စောင်းငဲ့ကြည့်လာပါ၏။

" ငါရဲ့လုံခြုံရေးကြောင့် မေးတယ်ဆိုရင်တော့ မင်းစိတ်မပူနဲ့။ Yeol လေးက...ငါယုံကြည်ရတဲ့ လူတွေထဲက တစ်ယောက်ပဲ။ သူက ပြတ်သားတယ်။ ခိုင်မာတယ်။ ထက်မြက်တယ်။ ပြီးတော့...သွေးအေး တယ်။ အစောနားက ကိစ္စကိုပဲကြည့်.....။ သူ့ကို ဓားနဲ့ထောက်တဲ့ မင်းကို သေနတ်နဲ့ပြန်ပစ်တာပဲ ကြည့်ပါလား။ "

မင်းကြီးသည် စကားပြောနေရင်းနဲ့မှ ကျေနပ်စွာ ပြုံးနေပါ၏။

စစ်သူကြီး Kim မှာသာ အံ့သြမှင်သက်စွာ။
မင်းကြီးအားမချေမငံပြောဆိုသဖြင့် ထိုသူအား ဓားဖြင့် ရွယ်လိုက်မိခြင်းအတွက် ထိုလူက မိမိကို သေနတ်ဖြင့် ပြန်လည်ပစ်ခတ်သည်တဲ့လား!

" သူ့ကို လာထိရင်လည်း Yeol လေးက သည်းမခံ တတ်ဘူး ...။ အဲ့ဒါက ငါကိုယ်တော် ဖြစ်နေရင်တောင် ပေါ့...။

" ဒါပေမယ့်...သူကြောင့် ကျွန်တော်မျိုး သေသွားနိုင် တယ်လေ။"

" အခု အကောင်းကြီးရှိနေတာပဲမလား Jong In ရဲ့"

" ဒါပေမယ့်...အရှင်မင်းကြီးက ကြိုသိနေရဲ့သားနဲ့ ကျွန်တော်မျိုးကို အဲ့လူ ခိုင်းတဲ့အတိုင်းလုပ်ခိုင်းတာ ပေါ့"

စစ်သူကြီး Kim ၏ မခံမရပ်နိုင်ဖြစ်နေသည့် အသွင် ကြောင့် မင်းကြီး၏ မျက်နှာတော်လှလှမှ အပြုံးများ ပျောက်ကွယ်သွားလေ၏။

သူစိမ်း  (Completed)Donde viven las historias. Descúbrelo ahora