အပိုင်း (၁၂)/ အပိုငျး(၁၂)

689 79 51
                                    

Zawgyi

" စိုးရွံ့မိပါတယ်....."

နူးညံ့သည့် ၀ါဂွမ်းဆေးတုတ်တံသည်ကား စစ်သူကြီး Kim ၏ ကျောပြင်ထက်တွင် ငြင်သာစွာ လှုပ်ရှားသွား ၏။

သမားတော်၏ မှာကြားချက်များသည် မင်းကြီး Do ၏ ဦးခေါင်းထဲတွင် ပဲ့တင်ထပ်နေ၏။

ဂီတ၊ တေးသီချင်း၊ မိန်းမလှ၊ ချစ်မြတ်နိုးရသူ၊ မိသားစုဝင်.....တစ်မျိုးမျိုးလိုအပ်သည်တဲ့။

မြားပစ်ကွင်းတွင် ရယ်မောနေကြသည့် စစ်သူကြီး Kim နှင့် ရှီအုမင်တို့၏ ပုံရိပ်သည် မင်းတရားကြီး၏ အာရုံဝယ် ပြန်လည်ထင်ဟပ်လာ၏။

ဆေးတုတ်တံကိုင်ထားသည့် မင်းကြီး၏ဖြူအိသော လက်အစုံတွင် အကြောစိမ်းများ တင်းကနဲထောင်ထ လာလေ၏။

စစ်သူကြီး Kim သည်ကား အရှင်သခင်ထံမှ ကုသမှု လက်ခံနေရသည်ကို သိလိုက်သည့်ခဏ၌ အလန့်တကြားပင် ငြင်းဆန်မိပါ၏။

" မင်းကြီး....မသင့်တော်ပါဘူးဘုရား !"

" ဘာကိုလဲ..."

" .."

" ရှင်ဘုရင်တစ်ပါးက သူ့တိုင်းပြည်ကို ကာကွယ်ပေး လို့ ဒဏ်ရာရလာတဲ့ ဂုဏ်ထူးဆောင်စစ်သူကြီးကို ဆေးလိမ်းပေးခွင့်မရှိဘူးလား "

မင်းကြီး၏ မြွက်ကြားသံသည် အေးစက်လှောင်ပြောင် ဟန် တစ်ဝက်ရောနှောနေ၏။

" မဟုတ်ရပါဘူး။ ကျွန်တော်မျိုးဆိုလိုချင်တာက..."

" သူလျှိုကို မိပြီလား "

မိမိစကားကို ဖြတ်ချကာ မေးမြန်းလိုက်သည့် မင်းကြီး ကြောင့်ပင် စကားလမ်းကြောင်းသည်ကား ပြောင်းလဲ သွားပါ၏။ နေရခက်စေသည့် လေထုသည်လည်း ပုံမှန်အပူချိန်သို့ ပြန်လည်ရောက်ရှိလာ၏။

အစနှင့် အဆုံးသတ်မပါသော်လည်း မင်းကြီး၏ ဆိုလိုရင်းကို သူနားလည်ပါ၏။

" စိုးရွံ့မိပါတယ်..."

မတိကျ မရေရာသေးသည့် ခန့်မှန်းခြေသက်သက်ဖြင့် ဘယ်သူကတော့ မိမိတပ်တော်အား ဖြိုခွဲရန်ကြံစည်မှု နှင့်ပတ်သက်နေသည့် သူလျှို ဖြစ်နိုင်ပါသည်ဟု လျှောက်တင်ရိုး မရနိုင်သည်မို့။ သက်သေ သာဓက တစ်ခုလောက်ဖြင့် ရနိုင် ကြံစည်နိုင်ပါမှသာ စွပ်စွဲမှုပြု လုပ်နိုင်သည်မို့။

သူစိမ်း  (Completed)Kde žijí příběhy. Začni objevovat