အပိုင်း (၃၆) ဇာတ်သိမ်းပိုင်း

346 32 38
                                    

Unicode

တပ်မဟာ၏ အောင်နိုင်ရေးအလံသည်ကား
ပြာလဲ့ကြည်လင်နေသည့် ကောင်းကင်အောက်
တွင် တလူလူလွင့်ပျံလျက် ရှိသည်...။

ယခင်က နှင်းဖြူသူပုန်အဖွဲ့၏ ခိုအောင်းရာဖြစ်
သည့် ခံတပ်မြို့လေးသည်လည်း ယခုအခါ သေနာပတိ Do Kyung Soo ၏ လက်အောက်
သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်..။

စစ်အောင်နိုင်၍ တက်ကြွလျက်ရှိသည့် တပ်မဟာ၏ တပ်သားများသည်ကား စကားဖောင်ဖွဲ့လျက် ဆူညံအော်ဟစ်လျက်ရှိနေသည်..။

နှင်းဖြူသူပုန်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ
ရှီအုမင် သေနတ်ဒဏ်ရာဖြင့် သေဆုံးပြီး နောက်တွင်တော့ နှင်းဖြူသူပုန်အဖွဲ့၏ တိုက်ခိုက်ရေး ဒုခေါင်းဆောင် Chen အား သေနာပတိလက်အောက်တွင် သစ္စာခံရန်
တိုက်တွန်းခဲ့သော်လည်း တစ်သက်တွင် သခင်
တစ်ဦးကိုသာ သစ္စာခံပါသည်ဟု ပြတ်သားစွာဆို
ခဲ့သည့် Chen ...။

သေနာပတိသည် ထိုကဲ့သို့ သစ္စာရှိပြီး အရည် အချင်းရှိသည့် သူရဲသူခက်များအား မြတ်နိုး
သဘောကျသော်ငြားလည်း မတက်နိုင်စွာပင်
ထိန်းသိမ်းဖမ်းချုပ်ပြီး နန်းတော်သို့ ခေါ်၍
တရားစီရင်ရန်ကလွဲ မရှိပါတော့ချေ...။

ထို့အတူ ညီမမျက်နှာ တစ်ကမ္ဘာမှတ်၍ သံယောဇဉ် ကြီးမားသည့် စစ်သူကြီး Oh နှင့်
သူ၏ တပ်သားများကိုလည်း စစ်သူကြီး Kim
၏ တပ်ခွဲအား ဖျက်ဆီးမှုဖြင့် ဖမ်းဆီးထိန်းသိမ်း
ခဲ့ရပြန်သည်..။

ယခုထိတိုင် သွေးနံ့များ လွင့်ပျယ်ခြင်း မရှိသေး
သည့် ဝတ်စုံနှင့် စစ်သူကြီး Kyong သည်
တပ်မဟာ၏ အပြန်လမ်းခရီးအတွက် အစီအစဉ်
ရေးဆွဲရင်း အလုပ်ရှုပ်လျက် ရှိနေသည်...။

ထိုသို့ အလုပ်ရှုပ်နေရှာသည့် စစ်သူကြီး Kyong
အား သားရေဖြင့် ချုပ်လုပ်ထားသည့် အတွင်း
ဝတ်ထူထူ ဝတ်ဆင်ထားသည့် Yeol လေးသည်
ငေးမောလျက် ရှိနေပါ၏...။

" မင်း အဲ့လောက်ကြည့်နေရင် စစ်သူကြီး Kyong လည်း အရည်ပျော်သွားပါဦးမယ်... တောသား ''

ဘေးမှ ထွက်ပေါ်လာသည့် အသံပိုင်ရှင်အား
Yeol လေး လှည့်ကြည့်လိုက်တော့ မျက်နှာ
ပေါ်တွင် ကန့်လန့်ဖြတ် ဓားရှရာ အမာရွတ်
ရှည်ကြီးဖြင့် စစ်သူကြီး Kim က ဘယ်အချိန်
ကတည်းကမှန်းမသိ ရောက်ရှိနေသည်...။

သူစိမ်း  (Completed)Hikayelerin yaşadığı yer. Şimdi keşfedin