Jung's company
"Miss Jung......Hyunaက တွေ့ချင်လို့ပါတဲ့....."
Sicရဲ့ အတွင်းရေးမှူးမှာ ရုံးခန်းထဲသို့ ၀င်လာပြီး ပြောလိုက်သည်"ငါ အလုပ်များနေတယ်လို့ ပြောလိုက်....."
Sicaမှာ laptopကနေ မျက်လုံးမခွာဘဲ သူ့အတွင်းရေးမှူးကို ပြောလိုက်သည်"Miss....chaw အဲ့လိုပြောထားပေမယ့်....."
အတွင်းရေးမှူးရဲ့ စကားတောင်မဆုံးသေး တံခါးကို ၀ုန်းခနဲ ဆောင့်ဖွင့်ကာ Hyuna ၀င်လာလေသည်
"Yah.....bitch.....နင် ငါ့ကို ဘယ်လိုလုပ်ရက်တာလည်း...."
Hyunaက အော်လိုက်ပေမယ့် Sicaကတော့ Hyunaကို တစ်ချက်ကြည့်ပြီး laptopကိုသာ ပြန်ကြည့်လိုက်သည်"Yah ငါပြောတာ မကြားဘူးလား....."
Hyunaမှာ Sicaက သူ့ကို လျစ်လျူရှုနေလို့ စိတ်တွေတိုလာသည်
Sicaရဲ့ laptopကို Hyuna ပိတ်လိုက်တော့ Sica မျက်မှောင်ကြုတ်ပြီး Hyunaကို ကြည့်ကာ
"မင်း အသိစိတ် ရှိမယ်လို့ ငါ ထင်ခဲ့တာ.....မင်းနဲ့ငါက တွဲနေတာလည်း မဟုတ်......မင်းနဲ့ငါ အီစီကလီဘဲ လုပ်ခဲ့တာလေ.........အဲ့တာကို မင်းလည်း သိရက်နဲ့ ဘာလို့ ငါ့လာအော်ပြီး မင်းရဲ့ အချိန်တွေကို ဖြုန်းတီးနေတာလည်း......မင်းက ငါ အိပ်ခဲ့တဲ့ မိန်းကလေးထဲက တစ်ယောက်သာသာဘဲ ရှိတယ်......"
Sica သွေးအေးအေးနဲ့ ပြောလိုက်တော့ Hyuna ပိုစိတ်တိုသွားလေသည်"မကောင်းတဲ့.....ကောင်....."
Sicaရဲ့ ပါးကို Hyuna ရိုက်ပြီး ရုံးခန်းထဲက ထွက်သွား လေသည်.....
Sicaလည်း သူ့အတွင်းရေးမှူးကို နောက်ထပ် ဘယ်သူ့မှ အ၀င်မခံဖို့ အမိန့်ပေးပြီး လုပ်စရာရှိတဲ့ အလုပ်ကို ဆက်လုပ်နေ၏
"Yah.....ကြည်နူးမနေနဲ့ ငါ့လည်း အားနာအုံး......"
Yuriမှာ သူ့ရှေ့ ပလူးပလဲလုပ်နေတဲ့ Taenyတို့ အတွဲကို အော်လိုက်သည်
"Aigoo blackie လေးဟာ မနာလိုနေတာ အားကျနေတာမလား....."
Fany စနောက်ပြီး Yuriရဲ့ ပါးကို ဆွဲညှစ်လိုက်သည်
YOU ARE READING
Marriage
Fanfictiontypeမတူတဲ့ နှစ်ယောက် လက်ထပ်ကြဖို့ ဖိအားပေးခံရသောအခါ #photocrd