Taeyeon ကုတင်ပေါ် လှဲအိပ်ရင်း မျက်နှာကြတ်ကို ငေးကြည့်နေမိသည်
Fany သူ့ဆီ စာလည်း မပို့ ဖုန်းလည်းမဆက်သောကြောင့် Fany ဘာများလုပ်နေလည်းဆိုပြီး တွေးနေမိသည်....
သူခေါ်တာကို စောင့်နေတာလားဆိုပြီး Fanyဆီ ဖုန်းခေါ်တော့လည်း Fanyက ဖုန်းမကိုင်ပေ
Taeyeon စိတ်ညစ်ညစ်နဲ့ PUBGသာ ဆော့ဖို့ စဉ်းစားလိုက်သည်
Fany နိုးလာတော့ Sicaက သူမကို ဖက်ပြီး အိပ်နေတာကို သိလိုက်ရသည်
ထို့အပြင် Sica လက်က Fany ရင်သားပေါ် ရောက်နေသောကြောင့် Fany မနေ့ညက အကြောင်းကို တွေးမိပြီး ရှက်လာကာ မျက်နှာလေး နီရဲလာသည်
"Good Morning.. ..."
ရုတ်တရက် ထွက်ပေါ်လာတဲ့ Sica အသံကြောင့် Fany တုန်ခနဲ ဖြစ်သွားသည်
"Mor...morning...."
"ဘယ်လိုနေသေးလည်း "
Sica မျက်စိမဖွင့်မသေးဘဲ မှေးနေရင်း မေးလိုက်သည်
"ဘာ ဘာကိုလည်း "
"မနေ့ညက မင်းကို နာကျင်အောင် လုပ်မိသလားလို့ "
"မ မလုပ်ပါဘူး "
"အင်းပါ မင်းနဲ့အတူ ဒီလိုအကြာကြီး နေချင်ပေမယ့် အလုပ်က သွားရအုံးမယ် "
Sica ပြောပြီး အိပ်ရာက ထလိုက်သည် ထို့နောက် စောင်ကို ခါးမှာပတ်ထားတော့ Fanyက အမြန် လှမ်းဆွဲလိုက်သည်
"Yah အဲ့စောင်ကို ပြန်ပေး "
Fanyပြောရင်း သူမ ရင်သားတွေကို လက်နဲ့ကာလိုက်သည်
"Come on မင့်ကို အ၀တ်အစားမပါဘဲ မြင်ဖူးပြီးသားကို "
"ဒါ ဒါပေမယ့် ပေးပါဟာ အဲ့စောင်ကို "
"မပေးဘူးဆိုရင်ရော "
Sicaပြောပြီး Fanyကို ပွေ့ချီလိုက်သည်
"Yah yah ဒါ ဘာလုပ်တာလည်း "
"ရေအတူချိုးမယ်လေ စိတ်မပူပါနဲ့  မင်းက ခွင့်ပြုမှ ကျန်တာ ငါ...."
YOU ARE READING
Marriage
Fanfictiontypeမတူတဲ့ နှစ်ယောက် လက်ထပ်ကြဖို့ ဖိအားပေးခံရသောအခါ #photocrd