Fanyမှာ စိတ်ညစ်ညစ်နဲ့ သူ့သူငယ်ချင်း Yuriကို ရင်ဖွင့်ကာ ငိုလေ၏
"မငိုပါနဲ့ Fanyရယ် ...."
Yuriမှာ Fanyကို ဖက်ကာ နှစ်သိမ့်လေ၏
ထိုစဉ် ဖုန်းမြည်လာသောကြောင့် Fanyမှာ Yuri ကို ဖက်ထားရာမှ ခွာပြီး Taeyeonဆက်တယ်ထင်ပြီး ပျော်လို့ ဖုန်းကိုကြည့်လိုက်တော့ သူ့အမေဆီက ဖြစ်နေသည်
"Hello Omma....."
"သမီးရဲ့ အိမ်ထောင်ဖက်နဲ့ ညကျ တွေ့ဖို့ရှိတာမို့ လှလှပပလေး ၀တ်စားခဲ့ပါ......"
"Nae Omar....."
Fany သက်ပြင်းချပြီး ဂါဝန်လှလှလေး ၀တ်ကာ မှန်ထဲကို ကြည့်လိုက်သည်
တညလုံး ငိုထားရလို့ Fany မျက်လုံးမှာ နီရဲပြီး ဖောင်းမို့နေ၏
Fanyမှာ မိတ်ကပ်တွေနဲ့ ဖုံးကာ သက်ပြင်းချလိုက်သည်
ထို့နောက် ဖုန်းကို ဖွင့်ကြည့်လိုက်သည်
သို့သော် သူမ မျှော်လင့်ထားတဲ့ Taeyeonဆီက message မတွေ့ရလို့ ၀မ်းနည်းသွားလေသည်
ကားသော့ကို ကောက်ယူပြီး အိမ်တံခါးကို သော့ခတ်လိုက်သည်
"ကိုယ့်ကို ဘယ်သွားမယ်ဆိုတာ မပြောဘဲ ထွက်သွားတော့မလို့လား....."
Fanyမှာ Taeyeon ရဲ့ အသံကြားရတော့ အရမ်းပျော်သွားလေသည်
"Taeng....."
Fanyမှာ အရမ်းပျော်လို့ Taeyeonကို ပြေးဖက်လေသည်
"မနေ့ကအတွက် တောင်းပန်ပါတယ်နော် ငါတကယ်တောင်းပန်ပါတယ်"
"မဟုတ်တာ တောင်းပန်ရမယ့်သူက ကိုယ်ပါနော်......မင်းကို အော်မိတဲ့အတွက် တောင်းပန်ပါတယ်.....ကိုယ် မင်းနဲ့ ရန်မဖြစ်ချင်ဘူး မင်း လက်ထပ်ထပ် မထပ်ထပ် ကိုယ် ဂရုမစိုက်ပါဘူး မင်း ဘာဖြစ်နေနေ မင်းအနားမှာ ကိုယ်အမြဲရှိတယ်.....ဒါကြောင့် မငိုနဲ့တော့နော် မိတ်ကပ်တွေ ပျက်ကုန်မယ်....."
YOU ARE READING
Marriage
Fanfictiontypeမတူတဲ့ နှစ်ယောက် လက်ထပ်ကြဖို့ ဖိအားပေးခံရသောအခါ #photocrd