Fany အိပ်ရာက နိုးလာတော့ တစ်စုံတယောက်က သူမကို ဖက်ထားသလို ခံစားရသည်.. ...
Taeyeonက သူမကို ဖက်ထားတယ်ထင်ပြီး မျက်နှာလေးကို သေချာကြည့်တော့ Taeyeon မဟုတ်ဘဲ Sica ဖြစ်နေသည်
"Shit...."
Fany လန့်ပြီး Sicaကို တွန်းချလိုက်တော့ Sica ဘုန်းခနဲ အောက်ကို ပြုတ်ကျသွားတယ်
"အား "
Sica လန့်ပြီး အော်လိုက်သည် ထို့နောက် ထရပ်ကာ
"What the fuck မင်း မင်း ဒါဘာလုပ်တာလည်း "Fany အ၀တ်အစားတွေ ရှိသေးလားဆိုပြီး စောင်အောက်ကို တချက်ကြည့်လိုက်သည် မနေ့ညက ၀တ်ထားတဲ့ အ၀တ်အစားမှန်းသိမှ ချောင်းဟန့်ပြီး
"ငါက မေးရမှာ နင် ဘာလုပ်တာလည်း "
"မင်း ဘာမှမမှတ်မိဘူးလား "
Sica မျက်ခုံးပင့်ကာ မေးတော့ Fany တွေဝေသွားတယ်
"ငါ ငါ မူးနေတုံး ပေါက်ကရတော့ မလုပ်ခဲ့ပါဘူးနော် "
"....."
"ငါ ဘာမှမမှတ်မိတော့ဘူး "
"ကောင်းပြီ ငါ ပြောပြမယ် မင်း အရက်တွေ မသောက်နိုင်ဘဲ သောက်ပြီး ငါးမိနစ်တောင် မကြာဘူး မူးပြီး မှောက်အိပ်သွားတယ်လေ ငါက gentleman ပီသစွာ အဲ gentle woman ပီသစွာနဲ့ မင်းကို ပွေ့ချီပြီး ဒီခေါ်လာတယ်....ဒီမှာ ချပေးပြီး ထွက်သွားမယ်လုပ်တော့ မင်းက မသွားဖို့ ငါ့လက်ကို လာဆွဲပြီး တောင်းပန်တယ် အဲ့တာကြောင့် ငါ မင်းနဲ့ အိပ်ပေးတာ ပေါက်ကရတွေ တွေးမနေနဲ့ ......ခဏနေ မြေပြင်ပေါ်ကို ဆင်းတော့မှာ အ၀တ်အစား လဲထား နံစော်နေတာဘဲ "
Sica ပြောပြီး အခန်းထဲက ထွက်သွားလေသည်
Fany ရေချိုး အ၀တ်အစားလဲကာ အခန်းထဲက ထွက်လာသည်
Sicaကတော့ သူ့ဖုန်းမှာပါတဲ့ ဂိမ်းကို အာရုံစိုက်ဆော့နေလို့ Fanyကို သတိမထားမိပေ
Fany လွတ်တဲ့ခုံမှာ ၀င်ထိုင်ပြီး Sicaကို လှမ်းကြည့်လိုက်သည်