Jessica တစ်ယောက် နေအလင်းရောင်စူးလို့ မျက်လုံးဖွင့်ကြည့်တော့ သူ့အခန်းထဲရောက်နေတာကို သိလိုက်ရသည်
"ဒီကို ငါ ဘယ်လိုလုပ်ရောက်လာတာလည်း......"
Sica အံ့သြပြီး တွေးလိုက်သည်
"Unnie နိုးပြီလား......"
Sica အသံကြားရာကို ကြည့်တော့ ရေခွက်နဲ့ ဆေးပုလင်းကို ကိုင်ကာ တံခါးရှေ့မှာ ရပ်ပြီး သူ့ကို ကြည့်နေတဲ့ Krystalကို တွေ့ရလေသည်
"ရော့ ဆေးသောက်လိုက်အုံး...."
"ငါ ဒီကို ဘယ်လိုရောက်လာတာလည်း....."
Sica သူ့ညီမပေးတဲ့ဆေးကို သောက်ပြီး မေးလိုက်သည်
"Hyoyeon Unnieက ဖုန်းခေါ်လိုက်တာလေ........"
Krystalပြောပြီး အခန်းထဲက လှည့်ထွက်မယ် အလုပ်
"Krystal ah နင့်ခြေထောက်က ဘယ်လိုဖြစ်တာလည်း.. ...."
"Aww ဒါလား......"
Krystal ပတ်တီးစည်းထားတဲ့ သူ့ခြေထောက်ကို လက်ညှိုးထိုးပြပြီး မေးတော့ Sica ခေါင်းညိတ်ပြသည်
"ခင်ဗျားကြောင့် ဖြစ်တာလေ အရူးမရဲ့..."
"နင် ....နင့် အမကို ဘယ်လိုခေါ်လိုက်တယ် အရူးမ ဟုတ်လား.. .....ပြီးတော့ ဘာလို့ ငါ့ကြောင့်တုံး......"
"Unnieသာ ကားမောင်းပြီး ထွက်မသွားရင် ဒီလိုဖြစ်စရာမရှိဘူး ခုတော့ ကျောင်းသွားရင် ဒေါက်ဖိနပ်စီးလို့မရတော့ဘူး........သိလား...."
Krystal သူ့အမလို Dolphin အသံနဲ့ အော်လိုက်တော့ Sica နားအူသွားသည်
"Ash Evil Maknae...."
Sica စိတ်ထဲကနေ ရေရွတ်ကာ ကျိန်ဆဲလိုက်သည်
"Fany ah ဘာတွေ တွေးနေတာလည်း...."
သူ့ကို ဘေးထားပြီး အတွေးလွန်နေတဲ့ Fanyကို Taeyeon မေးလိုက်သည်
"Ah Mianhae....."
"Yah Fany မနေ့က မင်း မိဘအိမ်က ပြန်လာပြီးကတည်းက ငူငူငိုင်ငိုင်ဖြစ်နေတယ် ဘာဖြစ်လို့လဲ.. ...."
Taeyeon စိတ်ပူနေတဲ့ မျက်ဝန်းတွေနဲ့ သူ့ချစ်သူကို ကြည့်ကာ မေးလိုက်သည်
"Aww....အဲ့တာလား Fanyမိဘတွေက သူတို့ စီးပွားရေး ကျဆင်းတာကို ကယ်တင်ဖို့တဲ့လေ Fanyကို တစ်ခုခု လုပ်ခိုင်းနေတယ်....."
"တစ်ခုခုဆိုတာ ဘာလည်း....."
"သူတို့ သူငယ်ချင်းရဲ့ သမီးနဲ့ လက်ထပ်စေချင်တာတဲ့....."
"What the fuck? ဘယ်လို မိဘမျိုးလည်းဟ စီးပွားရေးကို ကယ်တင်ဖို့ သူများလက်ထဲ ထည့်ရတယ်လို့ ...မင်း ဘာပြန်ပြောလိုက်လည်း Fany....."
"လက်ခံပါတယ်လို့ ပြောလိုက်ရတာပေါ့ Appaတို့ ငိုနေတာမှ Fany မကြည့်ရက်နိုင်တာ....."
"ဘာ သူက မင်းကို ရောင်းစားတာလေ...."
"Appaအကြောင်း နင်မသိပါဘူး Tae Tae ရ......."
Fany စိတ်ရှုပ်လာတာနဲ့ Coffeeဆိုင်မှာ Taeyeon ကို ထားခဲ့ပြီး ထွက်သွားလေသည်
Taeyeonမှာ စိတ်တိုပြီး သူ့ရှေ့က ကော်ဖီပန်းကန်တွေကို ရိုက်ခွဲပစ်သည်
"Unnie ပြောစရာရှိတယ်.. ...."
Krystal သူ့အမရဲ့ ရုံးခန်းထဲသို့ ၀င်သွားကာ ပြောလိုက်သည်
"အင်း ဘာပြောမလို့လည်း....."
Sica laptopကို ပိတ်ပြီး သူ့ညီမကို ကြည့်လိုက်သည်
"Unnieတို့ရဲ့ မင်္ဂလာဆောင်လေ....."
"ငါ လက်မခံဘူးလို့ ပြောထားတယ်လေ...."
"အဘိုးရဲ့ နောက်ဆုံးဆန္ဒလေ......"
"Kry...အဓိပ္ပါယ်မရှိတာတွေ မလုပ်စမ်းနဲ့...."
"ဆရာဝန်ကပြောတယ် အဘိုးရဲ့ နှလုံးက အားနည်းနေတယ်တဲ့ သိလား အဲ့တာကြောင့် အဘိုး မူးလဲတာ....နှလုံးရောဂါကြောင့် အချိန်မရွေး သေနိုင်တယ်.....အဘိုးရဲ့ စကားကို နားထောင်ပေးပါ Unnieရယ်....အဘိုးသေရင် သူ့ကို ကွာရှင်းလို့ရတာဘဲကို......"
Krystal မျက်ရည်တွေဝဲလာတော့ Sicaလည်း သက်ပြင်းချပြီး
"ကောင်းပြီ ငါ သူ့ကို လက်ထပ်မယ် ဒါပေမယ့် သူ့ကို မယားတစ်ယောက်လို ချစ်ပြီး ဂရုမစိုက်ပေးဘူးနော် Ok....."
Sica သူ့ညီမကို ကတိပေးပြီး ရုံးခန်းထဲက သက်ပြင်းချကာ ထွက်လာခဲ့သည်
Hello.....Soneတို့ရေ Fanyရဲ့ Born Againလေးကို Streamပေးကြပါအုံးနော်😁❤
BẠN ĐANG ĐỌC
Marriage
Fanfictiontypeမတူတဲ့ နှစ်ယောက် လက်ထပ်ကြဖို့ ဖိအားပေးခံရသောအခါ #photocrd