Part 21

1.8K 156 13
                                    

Fany အိမ်မှာ Tvကြည့်နေရင်း Sica ပြန်လာမယ့်အချိန်ကို စောင့်နေသည်

Sicaလည်း ပြန်လာရော Fany ထိုင်ရာက အမြန်ထပြီး

"ပြန်လာပြီလား ဗိုက်ဆာနေလား တခုခုလုပ်ပေးရမလား "

"ဘာမှမလုပ်ပေးနဲ့ ငါ မဆာဘူး "

Sica ပြောပြီး အခန်းထဲကို ဝင်သွားလေသည်

Fanyလည်း ကော်ဖီတစ်ခွက်ဖျော်ပြီး Sica နောက် လိုက်သွားသည်

Sicaအတွက် ကော်ဖီကို စားပွဲခုံပေါ် တင်ပေးရင်း

"Jessi နင် ကလေးချစ်တတ်လား "

"No....."

Sica ခပ်ပြတ်ပြတ်ပြောပြီး အဝတ်လဲလိုက်ပေမယ့် Fanyက တော့ ဝမ်းနည်းသွားလေသည်

မငိုမိအောင် စိတ်ထိန်းပြီး အခန်း အပြင်ဘက် ထွက်သွားလေသည်

"မကြားသလို ဟန်ဆောင်ပေးနော် ကလေးလေး "

Fany အခန်းတံခါးကို မှီပြီး သူမဗိုက်လေးကို ပွတ်ကာ ပြောလိုက်သည်

နောက်တစ်နေ့မှာတော့ Fanyမှာ Sicaကို သိအောင်ပြောပြရမယ်ဆိုပြီး Sica ရဲ့ companyသို့ လိုက်သွားလေသည်

Sica ရုံးခန်းထဲ ဝင်လာတော့ Sunmiမှာ Sica ပါးကို နမ်းပြီး
"ရောက်လာပြီလား"

Sica ခံစားချက်မရှိတဲ့ စက်ရုပ်တစ်ရုပ်လိုဘဲ ဘာ reactionမှ မပြဘဲ သူ့နေရာကိုသွားလိုက်သည်

"Hey ညကျ ကလပ်တပ်မလား  ငါ့သူငယ်ချင်းတွေနဲ့ သွားမလို့ နင်များ လိုက်ချင်မလားလို့ "

"အင်း လိုက်မယ်လေ အိမ်မှာ နေရတာ ပျင်းတယ် "

Sunmiမှာ Sicaဘေးနား ဝင်ထိုင်ပြီး
"၁၀နာရီကျ Mr.Chouနဲ့ တွေ့ဖို့ ချိန်းထားတယ်နော် bae....."

Sunmiပြောပြီး Sicaပေါင်ကို အသာအယာလေးပွတ်လိုက်တော့

"ငါ့ပေါ်တက်ခွလိုက်တော့ "

Sica စိတ်ကြွလာပြီး Sunmiကို အမိန့်ပေးလိုက်သည်

Fanyမှာ Sicaမနက်စာ စားမသွားလို့ breakfast boxလေးနဲ့ companyသို့ ရောက်လာသည်

Sicaကို အံ့သြစေချင်လို့ သူမရဲ့ ရုံးခန်းကို တံခါးမခေါက်ဘဲ ဖွင့်လိုက်တော့ တကယ် အံ့သြသွားတဲ့သူမှာ Fanyကိုယ်တိုင်ဖြစ်နေသည်

တခြားသူနဲ့ နမ်းနေတဲ့ Sicaကို မြင်ပြီး Fany ဝမ်းနည်းလာတာနဲ့ ရုံးခန်းဘက်က ပြေးထွက်လာပြီး breakfast boxကို ဝန်ထမ်းတစ်ယောက်လက်ထဲ ဘာမှမပြောဘဲ ပေးလိုက်သည်

ဝန်ထမ်းတွေကလည်း ငိုပြီး ပြေးထွက်လာတဲ့ Fanyကို ကြည့်ပြီး အခြေအနေကို သဘောပေါက်မိကျတယ်လေ ဘာလို့လည်းဆို သူတို့လည်း Sunmiနဲ့ Sica အကြောင်းသိနေကြတာကိုး

"ဒီလောက်ဆို ငါ့အတွက် လုံလောက်ပါပြီ"

Fany companyရှေ့ရောက်တော့ သူမရဲ့ မျက်ရည်တွေကို သုတ်ပြီး Taeyeonဆီ ဖုန်းခေါ်လိုက်သည်

"Tae Tae"

"Fany ah ဘာဖြစ်လို့လည်း ဗိုက်နာလာလို့လား"

"Fanyကို ဒီနိုင်ငံက ခေါ်ထုတ်သွားပါ "

"အခု မင်း ဘယ်မှာလဲ "

"အိမ်မှာ ပစ္စည်းတွေသိမ်းမလို့ "

"ဟုတ်ပြီ Mr.Leeကို ကိုယ်တို့နှစ်ယောက်အတွက် passport အမြန်လုပ်ခိုင်းလိုက်မယ်....ကိုယ်အခု Fanyကို လာခေါ်မယ်နော် အဆင်သင့်လုပ်ထား"

"Gomawo Tae...."

"မင်းအတွက်ဆို အချိန်တိုင်း အသင့်ရှိနေမယ်လို့ ကိုယ် ပြောဖူးတယ်လေ"

"တကယ် ကျေးဇူးတင်တာပါ နင့်ကို နာကျင်ရအောင်လုပ်ခဲ့ပြီးမှ"

"အတိတ်ကို အတိတ်မှာဘဲ ထားပါ Fany ကိုယ်ထွက်လာပြီနော် "

Taeyeonကသာ သူမကို တကယ်ချစ်တဲ့သူဆိုတာ Fanyသိပြီး ပြုံးမိသွားသည်

Sicaလို လူမျိုးအတွက်နဲ့ Taeyeon လို လူကောင်းတစ်ယောက်ကို နာကျင်အောင်လုပ်ခဲ့သည်

Taeyeonကို သစ္စာ ဖောက်ခဲ့လို့ အခု သူမ ဝဋ်ပြန်လည်တယ်လို့ Fany ခံယူလိုက်သည်

"Jessica Jung နင့်ကလေးကို ဘယ်တော့မှ မတွေ့ရအောင် ငါလုပ်ပြမယ်"

Fany ကြိမ်းဝါးပြီး အဝတ်အစားတွေ ထည့်လိုက်သည်

မနက် နှစ်နာရီ Sica အိမ်ပြန်ရောက်တော့ ခါတိုင်း သူမကို စောင့်ပြီး ဆိုဖာပေါ် အိပ်ပျော်တတ်တဲ့ Fanyကို မတွေ့တာနဲ့

"ဒီနေ့ မစောင့်တော့ပါလား ပင်ပန်းပြီး အိပ်ပျော်သွားတယ်ထင်ပါတယ်... ."

Fanyရဲ့ အခန်းကို တစ်ချက်ကြည့်တော့လည်း မီးဖွင့်ထားတာတွေ့သောကြောင့် Fany အိပ်နေတယ်လို့သာ Sicaတွေးပြီး Sicaလည်း သူမအခန်းထဲ ဝင်သွားလေသည်

တကယ်တမ်းတော့ Taeny နှစ်ယောက် Yuri ကိုတောင် အသိမပေးဘဲ koreaကနေ တခြားနိုင်ငံကို တိတ်တဆိတ်ထွက်သွားကြပြီလေ... ... 

စပ်ပါပြီနော် 🤧🤧🤧🤧🤧🤧🤧

Marriage Where stories live. Discover now