Fany အသစ်ရောက်လာတဲ့ ပစ္စည်းတွေကို သူ့ဆိုင်ထဲ ခင်းကျင်းနေရင်း ဖုန်းထဲ message ၀င်လာသံကို ကြားလို့ ကြည့်လိုက်တော့ Mrs.Hwangက သူမဆီ Message ပို့ထားတာကို တွေ့ရလေသည်
Mrs.Hwang : လာမယ့် သောကြာနေ့ကျ သမီးတို့ရဲ့ စေ့စပ်ပွဲ ပါတီ ရှိတယ်ဆိုတာ မမေ့နဲ့နော်....အလှဆုံး ပြင်လာခဲ့ပါ အဲ့တာဆို Jessicaကတော့ သူ့မျက်လုံးတွေ သမီးဆီက ခွာမှာ မဟုတ်ဘူး.. ......
Fany သူ့အမေ ပို့တဲ့ စာဖတ်ရင်း နောက်ဆုံးအကြောင်း ရောက်တော့ စိတ်တိုသွားသည်
"ဘာလို့ သူကြည့်တာ ခံရဖို့ ငါက လှလှလေး ၀တ်ရမှာလည်း........"
Fany ပွစိပွစိနဲ့ ပြောရင်း ဖုန်းကို စားပွဲခုံပေါ်သို့ ပစ်တင်လိုက်သည်.....
Sicaမှာတော့ ကလပ်တခုတွင် ကောင်မလေးတစ်ယောက်နဲ့ kissing ဆွဲရင်း အလုပ်ရှုပ်နေ၏
ဖုန်းတုန်ခါမှုကြောင့် နမ်းနေရာက ရပ်ပြီး ဖုန်းဖွင့်ကြည့်တော့ သူ့ညီမဆီက message ၀င်လာတာကို တွေ့လိုက်ရသည်
Krystal 💌 သောကြာနေ့ကျ စေ့စပ်ပွဲ ပါတီရှိတယ်နော် Unnie......chawတို့ရဲ့ ဆွေမျိုးတွေ သူငယ်ချင်းတွေနဲ့ Business partner တွေကိုပါ ခေါ်ထားတယ်.....မလာလို့မရဘူးနော် အဘိုးပါ လာမှမို့ မလာရင် သေလိမ့်မယ်......
"Ash...."
Sica စာကို ဖတ်ရင်း သူ့ဆံပင်တွေကို လက်နဲ့ထိုးဖွလိုက်သည်.....
"Honey ဘာဖြစ်လို့လဲ.. ....."
ကောင်မလေးရဲ့ ဆွဲဆောင်မှု ရှိတဲ့အသံက ယခုအချိန်မှာတော့ Sica အပေါ် သက်ရောက်မှု မရှိပေ......
Sica ဘာမှမပြောဘဲ ကလပ်ကနေ ချက်ချင်း ထွက်လာခဲ့လိုက်သည်......
သောကြာနေ့ည 7နာရီတွင်....
Fany ရေချိုးဝတ်စုံဝတ်ပြီး ရေချိုးခန်းထဲကနေ ထွက်လာတော့ Yuriမှာ စိတ်လှုပ်ရှားစွာဖြင့် Fanyကို ဆွဲခေါ်ပြီး မှန်တင်ခုံရှေ့ ထိုင်ခိုင်းလေသည်
YOU ARE READING
Marriage
Fanfictiontypeမတူတဲ့ နှစ်ယောက် လက်ထပ်ကြဖို့ ဖိအားပေးခံရသောအခါ #photocrd