Sica meeting ရှိလို့ ထွက်သွားချိန် ကမ်းခြေက အိမ်မှာ Fany တစ်ယောက်တည်း ကျန်ခဲ့လေသည်....
Fany ပျင်းလို့ ကမ်းခြေဘက် လမ်းထွက်လျှောက်တော့ Nickhunနဲ့ တွေ့ပြန်သည်......
Nickhunဟာ မနေ့ကမှ တွေ့တဲ့သူဆိုပေမယ့် Fany အပေါ် အရမ်းကောင်းသည် ဒါပေမယ့် Fany အတွက်တော့ Nickhunက သူငယ်ချင်းတစ်ယောက်လိုပင်....ခင်မင်ဖို့ကောင်းသည်
"Tiffany......."
Nickhun သူမကို လက်ဝှေ့ယမ်းပြီး နှုတ်ဆက်တော့ Fanyလည်း ပြန်နှုတ်ဆက်လိုက်သည်
"ကျွန်တော် ဒီ ပတ်ဝန်းကျင်မှာရှိတဲ့ နာမည်ကြီး ပြတိုက် ပန်းခြံတွေ ဆီ လိုက်ပြချင်တယ်.......လိုက်ကြည့်မလားဗျာ့....."
"Oh ကောင်းတာပေါ့ ကျွန်မ သဘောကျတယ် "
Fany အသံမှာ စိတ်လှုပ်ရှားပြီး ပျော်နေတဲ့ပုံပေါ်နေသောကြောင့် Nickhun သဘောကျပြီး ရယ်လိုက်သည်
Nickhun နဲ့ Fanyတို့ လျှောက်သွားကြရင်း အာလာပ သလာပ သူ့အကြောင်း ကိုယ့်အကြောင်း ပြောကြပေမယ့် Fanyကတော့ သူနဲ့ Jessicaရဲ့ အကြောင်းကိုတော့ Nickhun ကို ပြောမပြပေ.....
ညနေစောင်းရောက်တော့ Fanyကို သူ့အိမ်ရှေ့ထိ Nickhun လိုက်ပို့ပေးသည်
"အခုလို လိုက်ပို့ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် Nickhun shii ကျွန်မ အရမ်းပျော်ခဲ့ပါတယ်...."
"ရပါတယ်ဗျာ Tiffany ပျော်ရင် ကျွန်တော် ကျေနပ်ပါတယ်....."
"Gomawo...."
"ကျွန်တော် သွားပြီနော် "
"Nae ဖြည်းဖြည်းသွားနော်...."
Nickhun ထွက်သွားတော့ Fanyလည်း အိမ်ထဲကို ၀င်လိုက်သည်
အိမ်ထဲသို့ ၀င်ဝင်ချင်း ဆိုဖာပေါ်မှာ ထိုင်ကာ သူ့ကို မျက်မှောင်ကြုတ်ပြီး ကြည့်နေတဲ့ Sicaကို တွေ့ရလေသည်
"မင်း ဘယ်တွေ သွားနေတာလည်း....."
"Nickhunက ငါ့ကို ဒီက လည်စရာတွေ လိုက်ပို့ပေးမယ်ဆိုလို့ သူနဲ့ သွားတာ ဘာဖြစ်လို့လဲ ရှင့်ကို အစအဆုံး သံတော်ဦးတင်ရအုံးမှာလား "
Fany ပြောပြီး ထွက်သွားမယ်လုပ်တော့ Fanyရဲ့ လက်ကို Sica လှမ်းဆွဲလိုက်သည်
"အမေ့......"
Fany ဆိုဖာပေါ်ကို လဲကျသွားတော့ Sica သူမပေါ်ကို တက်ခွလိုက်သည်
"ဘာလုပ်တာလည်း ဖယ်......."
Fanyရဲ့ လှပတဲ့ နှုတ်ခမ်းလေးကို Sica စိုက်ကြည့်ရင်း
"မင်းမှာ ဒီလို လှတဲ့ နှုတ်ခမ်းလေး ရှိတာ ငါ မသိခဲ့ဘူး ""ရှင် ဘာဖြစ်နေတာလည်း "
"ညက အိမ်မက်ထဲ မင်းက ငါ့ကုတင်ပေါ်မှာတဲ့ "
Sica စကားကြောင့် Fany ရှက်သွားပြီး မျက်နှာနီရဲသွားတယ်
"အိမ်မက်က အိမ်မက်ဘဲ "
Fany စကားမဆုံးသေး သူ့ပါးစပ်ထဲကို Sic လျှာလေး တိုးဝင်လာတယ်
Fany တွန်းထုတ်ပစ်ချင်ပေမယ့် သူ့လက်က အလိုလို Sica လည်ပင်းကို ဖက်လိုက်ပြီး နှုတ်ခမ်းကလည်း အလိုက်သင့် ပြန်နမ်းနေမိသည်
Sica တဖြည်းဖြည်း နမ်းရင်း Fany နှုတ်ခမ်းကို ဖိကိုက်လိုက်သည်
Fany ဆီမှ moanသံထွက်လာတော့ Sica သဘောကျပြီး တဖြည်းဖြည်း လည်ပင်းကို နမ်းပြီး စုပ်လိုက်သည်
Fanyလည်း အသည်းယားလာပြီး Sicaရဲ့ ဆံပင်တွေကို လက်နဲ့ထိုးဖွရင်း.....Fanyရဲ့ အင်္ကျီကြယ်သီးတွေကို Sica အဖြုတ်....Taeyeonကို Fany မြင်ယောင်လာပြီး Sicaကို အမြန်တွန်းထုတ်လိုက်သည်
"Sorry......"
Sicaကို တွန်းထုတ်ပြီး တောင်းပန်စကား ပြောကာ Fany သူ့အခန်းထဲ ပြေးဝင်သွားလေသည်
"ဘာလား ငါ့ကို စိတ်ပါလက်ပါ နမ်းနေရာက ဘယ်လိုဖြစ်လို့........"
Sica တခါမှ အငြင်းမခံရဖူးတော့ စိတ်ရှုပ်ပြီး ရေခဲသေတ္တာကို ဆွဲဖွင့်ကာ ဘီယာတစ်ဗူး ယူကာ မော့သောက်လိုက်သည်
YOU ARE READING
Marriage
Fanfictiontypeမတူတဲ့ နှစ်ယောက် လက်ထပ်ကြဖို့ ဖိအားပေးခံရသောအခါ #photocrd