တောင်ပေါ်ကပြန်ဆင်းလာပြီးတဲ့
နောက်မှာတော့ မင်းကြီးလဲ ယခင်
အကြံပေးအမတ်ဟောင်းကြီးရဲ့စကား
ကို ဥပေက္ခာမပြုထားနိုင်တော့ပဲ....ဂျိုဆွန်းပြည်အတွက် တစ်နည်းအားဖြင့်
သားတော်အိမ်ရှေ့မင်းသားအတွက် ကံ
ကြမ္မာဆိုးကို ဖယ်ရှားဖို့အတွက် ပြင်ဆင်
ရတော့သည်.....အထိန်းတော်ကြီးနဲ့နန်းစောင့်တပ်မှူးတို့
ကို တော်ဝင်အမိန့်ပေးကာတိတ်တဆိတ်
လှုပ်ရှားမှုတစ်ချို့ကိုပြုလုပ်စေခဲ့သည်.....ယုံကြည်ရလောက်အောင်သစ္စာရှိပြီး
တိုက်ရည်ခိုက်ရည်ရှိသောအမျိုးသားများ
ကို စုစည်းက " တော်ဝင်နတ်စစ်သည် "
ဆိုသည့် လျို့ဝှက်အဖွဲ့အစည်းတစ်ခုကို
ဖွဲ့စည်းစေခဲ့သည်.....မင်းကြီး ပိုင်ဆိုင်တဲ့သန့်စင်တဲ့မြေတစ်
ခုပေါ်က တောင်ကြားမှာလျို့ဝှက်အဆောက်
အဦးတစ်ခုနဲ့ နန်းဆောင်ငယ်တစ်ခုကို တိတ်
တဆိတ်တည်ဆောက်စေကာ အချိန်တွေ
တရွေ့ရွေ့ကုန်ဆုံးပြီး အရာအားလုံးအဆင်
သင့်ဖြစ်လာချိန်မှာတော့....ထိုနန်းဆောင်ရဲ့ ပိုင်ရှင်ကို ရှာဖွေဖို့ အမိန့်
ပေးလိုက်တော့သည်.....နှင်းမှုန်များတဖွဲဖွဲကျနေသော ကွင်းပြင်
ထဲမှာ အနီရောင်အထက်အောက်ဝတ်စုံ
ဝတ်ဆင်ထားသော လူအယောက် ၂၀ ခန့်
ဒူးထောက်လျက်ဦးညွှတ်ကာထိုင်နေကြသည်သူတို့ရဲ့အရှေ့မှာ ရပ်နေသော မင်းကြီးက
ထိုစစ်သည်များကို ကျေနပ်အားရစွာကြည့်
ရင်း ....." အားလုံး.... အရမ်းကြိုးစားခဲ့ကြတယ်....
ကျေးဇူးပါပဲ..... ကြိုးစားပေးခဲ့ကြလို့ ...
အခု ... မောင်မင်းတို့ရဲ့ ပထမဆုံး အလုပ်
ကို မကြာမီစတင်ရတော့မယ်.....မကြာခင်
အမိန့်တော်ချမှတ်ပေးလိုက်မှာမို့ ...မောင်
မင်းတို့က အကောင်းဆုံးတာဝန်ထမ်းဆောင်
ကြမယ်လို့ ...ငါ ကိုယ်တော်ယုံကြည်တယ်..."
YOU ARE READING
အဖြူရောင် သွေးတစ်စက်ရဲ့ သစ္စာ
Fanfictionကမ္ဘာမြေကို ကယ်တင်ကြည့်ရှုဖို့ တာဝန်နဲ့လူ့ပြည်ကိုဆင်းသက်လာတဲ့ နတ်ဘုရားမ တစ်ပါးဟာ မိစ္ဆာနတ်ဆိုးတို့ရဲ့ တိုက်ခိုက်ခြင်းကိုခံရပြီး တာဝန်မပြီးဆုံးခင် ပျောက်ကွယ်သွားခဲ့ရတယ် သူမဟာ သူမရဲ့တာဝန် တွေကို သူမကိုယ်စားဆက်လက်ထမ်းဆောင်ဖို့အ...