တောင်ခြေကနေတရွေ့ရွေ့နဲ့တောင်ပေါ်တက်
လာသော ခလေးငယ်တစ်ယောက်ဟာ အကိုင်း
အခက်နဲ့အရိုးတံကျဲကျဲသာရှိတဲ့ သစ်ပင်ကြီးတစ်
ပင်အောက်မှာခြေပစ်လက်ပစ်ထိုင်ချလိုက်သည်..အစိမ်းရောင်၊အနီရောင်၊အပြာရောင်၊အ၀ါရောင်
ပိတ်စရှည်ကြီးများကသစ်ကိုင်းတွေမှာအစတစ်
ဖက်ကိုချည်ထားပြီး ကျန်အစတွေကတော့ လေ
ထဲမှာ တစ်လွင့်လွင့်ရှိနေတာကြောင့် အရွက်မရှိ
သော သစ်ပင်ဖြစ်စေကာမူ အရိပ်အနည်းငယ်ရ
နေသည်...ထို့အပြင်ခပ်လှမ်းလှမ်းကအရိပ်ရှိနေသောအပင်
ကြီးတွေအောက်ကိုသွားဖို့ရန်လဲခြေလှမ်းတစ်လှမ်း
စာမျှ အားအင်ပင် သူ့အတွက်မကျန်တော့ပေ....." ဟင်း ..... နေကလဲပူလိုက်တာ.... အခုထိလဲ
ဘာကောင်မှ ဖမ်းမမိသေးဘူး.... ဒီနေ့အတွက်
ငါတော့ အမေ့ဆေးဖိုးရှာနိုင်တော့မှာ မဟုတ်ဘူး
ထင်တယ်..."စိတ်ပျက်လက်ပျက် ညည်းညူရေရွတ်မိသည်။
ထိုကလေးငယ်မှာ ရစ်ငှက် ၊ ယုန် ၊ ဖွတ် စတဲ့
တောကောင်ငယ်လေးတွေကို ရှာဖွေဖမ်းဆီးကာ
စွပ်ပြုတ်ဆိုင်မှာ ရောင်းချပြီး နေမကောင်းသော
မိခင်ဖြစ်သူအတွက်ဆေးဖိုးနှင့်လူမမယ်ညီမလေး
အတွက်အစားအစာ ရှာဖွေနေရသူသာ ဖြစ်သည်...အမဲလိုက်ပွဲကို ၀ါသနာကြီးလွန်းလှတဲ့ အိမ်ရှေ့စံ
ရဲ့ တစ်ချက်လွှတ်အမိန့်အရ တောကောင်များ
စွာရှိသောနယ်မြေတွေကိုတော်ဝင်အမဲလိုက်ကွင်း
အဖြစ်သတ်မှတ်လိုက်ကြခြင်းကြောင့် အရင်သွား
နေကျ တောင်ကြားနယ်မြေကို ၀င်ရောက်ဖမ်းဆီး
ခွင့် မရှိတော့ပေ ...ထို့ကြောင့် မိမိကျက်စားနေကျနေရာက
ဖယ်ခွာကာတခြားတောတန်းလေးတွေနဲ့
တောင်ပေါ်အထိ တက်ကာရှာဖွေပေမယ့်လဲ
စားကျက်မြေမဟုတ်သော တောင်ပေါ်မှာ
မိမိရှာဖွေနေသောတောကောင်ငယ်လေးများ
ကို အလွယ်တကူမတွေ့နိုင်ခဲ့ ......
YOU ARE READING
အဖြူရောင် သွေးတစ်စက်ရဲ့ သစ္စာ
Fanficကမ္ဘာမြေကို ကယ်တင်ကြည့်ရှုဖို့ တာဝန်နဲ့လူ့ပြည်ကိုဆင်းသက်လာတဲ့ နတ်ဘုရားမ တစ်ပါးဟာ မိစ္ဆာနတ်ဆိုးတို့ရဲ့ တိုက်ခိုက်ခြင်းကိုခံရပြီး တာဝန်မပြီးဆုံးခင် ပျောက်ကွယ်သွားခဲ့ရတယ် သူမဟာ သူမရဲ့တာဝန် တွေကို သူမကိုယ်စားဆက်လက်ထမ်းဆောင်ဖို့အ...