ဆောင်းခိုငှက်ငယ်လေးတွေရဲ့ မြူးထူးစွာ
အော်မြည်နေသံ နဲ့အတူ တပြိုင်နက်တည်း
နွေးထွေးသော နေရောင်ခြည်က မျက်နှာပေါ်
ထိုးကျလာတာမို့ လန်းဆန်းစွာနိုးထလာခဲ့ရပြီး...ကိုယ်ကိုတစ်ချက်ဆန့်ကာ အိပ်ယာထက်မှ
ထလိုက်သည်...အိစက်နေသော ရွှေရောင်ပိုးသားအိပ်ယာမ
ဟုတ်ပေမယ့် တစ်ညတာလုံးအိမ်မက်ဆိုးမရှိ
နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့သော အိပ်ယာလေးကို
နှမြောတသစွာ ကြည့်နေစဉ်မှာပဲ ...." နိုးလာပြီလား .... ကောင်းကောင်းအိပ်လို့
ပျော်ပါရဲ့လား ....."အ၀ါနုရောင်ပိုးသားအင်္ကျီရှည်ကိုလိုက်ဖက်စွာ
ဝတ်ဆင်ထားပြီး နဖူးပေါ်ကဆံပင် တွေကိုပါ
အပြောင်သိမ်းကာ အဖြူရောင် ပိုးသား
ကြိုးရှည်ဖြင့် စည်းထားတာကြောင့် ......ဖြူစင်ရှင်းသန့်နေသောမျက်နှာလေးရဲ့အစိတ်
အပိုင်းတစ်ခုချင်းစီကို အသေးစိတ်မြင်ရတာမို့
အသက်ရှူမှားလောက်အောင် ငေးကြည့်နေမိ
သည် ......လှရက်လိုက်သည့် ဖြစ်ခြင်း အဖြူရောင်ပန်း
တစ်ပွင့်လို ရိုးရှင်းစွာပင် လှပနေသည့် မျက်နှာ
လေးကို ငေးကြည့်နေရင်း မျက်လုံးပင်မလွှဲ
နိုင်ခဲ့ ......" အရှေ့ဘက် နည်းနည်းလျှောက်သွားရင် ရေ
တံခွန်လေးရှိ ပါတယ်..... အဲ့ဒီမှာ ကိုယ်လက်
သန့်စင်လို့ရတယ် ...... မနက်စာ ပြင်ထားလိုက်
ပါမယ် ......"ယောလ် ဘာစကားမှပြန်မပြောနိုင်ခင် လှည့်
ထွက်သွားသော ကျောပြင်ငယ်လေးကြောင့်
အိမ်ထဲမှ လေးလံသောခြေလှမ်းများဖြင့်ထွက်
လာခဲ့လိုက်ရတော့သည်......သိပ်ကြာကြာမလျှောက်လိုက်ရပါ ကြည်လင်
နေသောရေများ စီးဆင်းကျနေသော ရေတံခွန်
လေးကို မြင်လိုက်ရတာကြောင့် အ၀တ်တွေကို
ရေမစိုအောင် ပြုလုပ်ကာ .......

YOU ARE READING
အဖြူရောင် သွေးတစ်စက်ရဲ့ သစ္စာ
Fanfictionကမ္ဘာမြေကို ကယ်တင်ကြည့်ရှုဖို့ တာဝန်နဲ့လူ့ပြည်ကိုဆင်းသက်လာတဲ့ နတ်ဘုရားမ တစ်ပါးဟာ မိစ္ဆာနတ်ဆိုးတို့ရဲ့ တိုက်ခိုက်ခြင်းကိုခံရပြီး တာဝန်မပြီးဆုံးခင် ပျောက်ကွယ်သွားခဲ့ရတယ် သူမဟာ သူမရဲ့တာဝန် တွေကို သူမကိုယ်စားဆက်လက်ထမ်းဆောင်ဖို့အ...