မိဖုရားကြီးရဲ့ အဆောင်တော်ရှေ့မှာ
စိတ်လှုပ်ရှားစွာဖြင့် ဟိုမှသည်လျှောက်
နေသောမင်းကြီး....နောက်ပါအခြွေအရံတွေမှာလဲ မင်းကြီး
နောက်ကနေ ထပ်ကြပ်မကွာလိုက်နေရ
တာကြောင့် သေချာကြည့်မည်ဆိုရင်
လူတန်းကြီးဘယ်ညာယိမ်းကာကစား
နေသည့်ပုံစံလို ဖြစ်နေသည်....." မယ်မယ် .... နည်းနည်းလောက် အားတင်း
ထားပါ မယ်မယ်... နည်းနည်းလောက် အားစိုက်
ထားပါ...."အထဲက အထိန်းတော် ရှန့်ကုံးတွေရဲ့အသံ
ကြောင့် မင်းကြီး ပုံစံကပို၍ ပြာယာခတ်လာ
သည်....ရာဇအိနြေ္ဒကိုပင် မထိန်းနိုင်ပဲမပြေးရုံတမယ်
ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်းက...." အထိန်းတော်ချုပ်ကြီး..."
" ဟုတ်ကဲ့ပါ .. မင်းကြီး...."
" မိဖုရားအဆင်ပြေရဲ့လား... ဘာလို့အခုထိ
ကလေးငိုသံကို မကြားရသေးတာလဲ.... မွေးဖွားဖို့
အခက်အခဲဖြစ်နေတာများလား.... "" မင်းကြီး.... စိတ်အေးအေးထားပြီး ခဏလောက်
သည်းခံပေးပါ...မကြာခင် မိဖုရားရောမင်းသားလေး
ကိုပါ ကျန်းကျန်းမာမာ မြင်တွေ့ရမှာပါ မင်းကြီး..."အထိန်းတော်ကြီးစကားကြောင့် မင်းကြီးမျက်နှာ
ဝင်းပသွားခဲ့သည်...။နန်းတက်တာကြာပြီဖြစ်ပေ
မယ့်အခုထိနန်းဆက်ရင်သွေးမရှိသေးတာကြောင့်
စိုးရိမ်ကြောင့်ကြနေခဲ့ရသည်မဟုတ်ပါလား.....။်အနောက်ဆောင်ကြင်ယာတော်တွေက မွေးဖွား
လာခဲ့သည်ကလဲ သမီးတော်နှစ်ယောက်သာ
ဖြစ်နေခဲ့တာမို့ မင်းကြီးအနေဖြင့်ထီးနန်းအရိုက်အရာ
ဆက်ခံရန် သားတော်လေးကို မျှော်လင့်ထားခဲ့မိ
သည်ကတော့အမှန်ပင် မဟုတ်ပါလား......" အူဝဲ .... အူဝဲ "
စူးရှကျယ်လောင်သော ကလေးငိုသံ
ကြောင့် မင်းကြီးဝမ်းသာပျော်ရွှင်စွာ
ရယ်မောလိုက်ရင်းနန်းဆောင်အနားကို
မပြေးရုံတမယ်တိုးကပ်သွားလိုက်ကာ....
YOU ARE READING
အဖြူရောင် သွေးတစ်စက်ရဲ့ သစ္စာ
Fanfictionကမ္ဘာမြေကို ကယ်တင်ကြည့်ရှုဖို့ တာဝန်နဲ့လူ့ပြည်ကိုဆင်းသက်လာတဲ့ နတ်ဘုရားမ တစ်ပါးဟာ မိစ္ဆာနတ်ဆိုးတို့ရဲ့ တိုက်ခိုက်ခြင်းကိုခံရပြီး တာဝန်မပြီးဆုံးခင် ပျောက်ကွယ်သွားခဲ့ရတယ် သူမဟာ သူမရဲ့တာဝန် တွေကို သူမကိုယ်စားဆက်လက်ထမ်းဆောင်ဖို့အ...