" မင်းကြီးဟာ သူ့ရဲ့သားတော်ကို ထိခိုက်
အောင်ပုတ်ခတ်ပြောဆိုတဲ့ ဘယ်သူ့ကို
မဆို ပုန်ကန်သူလို့ သတ်မှတ်မယ်ဆိုပြီး
အမိန့်တော်မှတ်လိုက်တယ်တဲ့..... "" ဒါဆို ... အဖမ်းခံရတဲ့အမတ်ကြီး
ရော... ဘာဖြစ်သွားလဲ ..."လူအုပ်ထဲမှ ကလေးတစ်ယောက် ထမေး
လိုက်တာကြောင့် တခြားသူတွေကလဲသိ
ချင်စိတ်ဖြင့် ပုံပြောသူ ကိုစိတ်ဝင်တစား
ကြည့်နေကြတော့သည်....လူအုပ်ကြီးရဲ့အရှေ့ဆုံးမှာရပ်ကာ လက်ဟန်
ခြေဟန် နဲ့ ဟန်ပါပါပြောပြနေသူက ဘေးဘီဝဲ
ယာကို တစ်ချက်ကြည့်ကာ လူအုပ်ကြီးနဲ့ တတ်
နိုင်သမျှနီးကပ်အောင်တိုးကပ်သွားလိုက်ပြီးပါးစပ်
ကို လက်နဲ့အုပ်ကာ အသံကိုနှိမ့်လိုက်ပြီး...." အကြံပေးအမတ်ကြီးကို ... မင်းကြီးက
နောက်ထပ် အဓိပ္ပါယ်မရှိတဲ့ နိမိတ်တွေ
မမြင်ရအောင်ဆိုပြီး မျက်လုံးတွေကိုဖောက်
ထုတ်လိုက်ပြီး ......"" ဟင် ..."
" ဟယ် .. "
လူအုပ်ကြီးထံမှ အံ့သြထိတ်လန့်သံများ
တစ်ယောက်တစ်ပေါက်ဖြင့် ဆူညံစွာ
ထွက်ပေါ်လာသည်......" တကယ်ကြီး အဲ့လိုလုပ်လိုက်တာလား.."
" ရက်စက်လိုက်တာ .."
" ဒါဆို အမတ်ကြီးက သေ သွားတာလား...."
" မျက်လုံးတွေကို ဖောက်ထုတ်လိုက်ပြီး နောက်
ထပ် မင်းသားရဲ့ ကံကြမ္မာဆိုး ဆိုတဲ့အကြောင်း
ကို တခြားဘယ်သူ့ကိုမှ မပြောနိုင်အောင် လျှာ
ပါ ဖြတ်လိုက်တယ်တဲ့ ...."ပုံပြောသူရဲ့ စကားကြောင့် လူအုပ်ကြီးဆီက
အပြစ်တင်သံတွေ ပိုမိုထွက်ပေါ်လာတာမို့
ထိုပုံပြောသူက သူ့နှုတ်ခမ်းပေါ် လက်ညှိုး
တစ်ချောင်း ကန့်လန့်ဖြတ်တင်ကာ အား
လုံးကိုတိတ်တိတ်နေဖို့အချက်ပြလိုက်သည်.." ရှူး..."
" အမတ်ကြီးက သေ သွားတာလား ဆိုတာ
မြန်မြန်ပြောစမ်းပါ...."
![](https://img.wattpad.com/cover/173981703-288-k840403.jpg)
YOU ARE READING
အဖြူရောင် သွေးတစ်စက်ရဲ့ သစ္စာ
Fanfictionကမ္ဘာမြေကို ကယ်တင်ကြည့်ရှုဖို့ တာဝန်နဲ့လူ့ပြည်ကိုဆင်းသက်လာတဲ့ နတ်ဘုရားမ တစ်ပါးဟာ မိစ္ဆာနတ်ဆိုးတို့ရဲ့ တိုက်ခိုက်ခြင်းကိုခံရပြီး တာဝန်မပြီးဆုံးခင် ပျောက်ကွယ်သွားခဲ့ရတယ် သူမဟာ သူမရဲ့တာဝန် တွေကို သူမကိုယ်စားဆက်လက်ထမ်းဆောင်ဖို့အ...