တစ်

2.4K 234 15
                                    

ညို့မှိုင်းလာ​သော ​ကောင်းကင်
ကြီးကိုတစ်​ချက်​ကြည့်​ကာ သူမ
အ​တောင်​​တွေကို အရှိန်​မြှင့်​ပြီး
တဖျတ်​ဖျတ်​ ခတ်​လိုက်​သည်​....

မကြာမီမိုးကြီး​လေးကြီး တို့ပြင်းထန်​စွာ
ကျ​ရောက်​လာ​တော့မည့်​ လက္ခဏာပင်
မဟုတ်​ပါလား....

သူမ ရဲ့ နူးညံ့​သောအဖြူ​ရောင်
အ​တောင်​ပံများက မိုး​ရေထဲမှာ
လိုရာ​ရောက်​​အောင်​ ​ပေးပို့နိုင်​စွမ်းမရှိ

တ​ဖျောက်​​ဖျောက်​ ကျ​နေ​သော
မိုးစက်​များတဖြည်းဖြည်း အရှိန်
အဟုန်​ပြင်းကာ မိုး​ပေါက်​ကြီးများ
အဖြစ်​​ပြောင်းလဲကာအရှိန်​ပြင်းပြင်း
ရိုက်​ခတ်​လာတာ​ကြောင့်​ သူမ ထပ်​မံ
အရှိန်​မြှင့်​ကာ ပျံသန်းလိုက်​သည်​။

~ ဖလပ်​ .... ဖလပ်​ ....ဖလပ်​ ...~

သို့​သော်​လဲ ပိုမိုသည်းထန်​လာ​သော
မိုး​ရေများ​ကြောင့်​ သူမ အ​တောင်​ပံ​တွေ
တဖြည်းဖြည်း​လေးလံ နာကျင်​လာခဲ့သည်

" မဖြစ်​ဘူး ... ငါအမြန်​​ဆုံး ... လုံခြုံတဲ့
နေရာတစ်​ခုမှာ နားခိုမှဖြစ်​မယ်​ ...."

အ​တွေးနဲ့အတူ ပျံသန်း​နေတဲ့အရှိန်​ကို
လျော့ကာ ​​​​အောက်​ကိုတဖြည်းဖြည်းနှိမ့်
ဆင်းလိုက်​သည်​...

သူမ​ရောက်​ရှိ​နေသည်​က လူသားတို့ရဲ့
ကမ္ဘာ​မြေမဟုတ်​​သေး​ပေနတ်​ဘုရားတိုင်းပြည်
ရဲ့ အလွန်​ မိစ္ဆာတိုင်းပြည်​ရဲ့ အ၀ ကြားက
တောအုပ်​တစ်​ခုမှာ ဖြစ်တာမို့ သတိမပြတ်
ထားကာေ​​မြပြင်ေ​ပါ် ဆင်းသက်​လိုက်​သည်​...

အ​တောင်​​ပံ​တွေကို ပြန်​၀ှက်​လိုက်​ရင်း 
တောအုပ်​ထဲမှာ လှည့်​လည်​ကာ မိုးခိုလို့
ရမည့်​​နေရာကို အတန်​ကြာရှာ​ဖွေပြီး​နောက်
အနက်​​ရောင်​ ​ကျောက်​ဂူတစ်​လုံးကို​တွေ့လိုက်
တာမို့ ၀မ်းသာအားရ ​ပြေးဝင်​သွားမိသည်​....

" ​တော်​​သေးတာ​ပေါ့ .... မိုးခိုစရာ​နေရာရှာ
လို့ရလို့ ....  ဒီနယ်​​မြေက မိစ္ဆာတိုင်းပြည်​နဲ့
နီးလွန်း​နေတယ်​ အန္တရာယ်​ရှိ​လောက်​တယ်
မိုးစဲတာနဲ့ ဒီ​နေရာက အမြန်​ဆုံးထွက်​သွားမှ
ဖြစ်​မယ်​...."

အဖြူ​ရောင်​ ​သွေးတစ်​စက်​ရဲ့ သစ္စာWhere stories live. Discover now