ခုနှစ်

1.1K 211 16
                                    

ဂျိမ်း !!!

တစ်​​ယောက်​ကိုတစ်​​ယောက်​ မင်​သက်​စွာ
ရပ်​ကြည့်​​နေကြသည်​မှာ ဘယ်​​လောက်​ကြာ
သွားသည်​ မသိ......

ကျယ်​​လောင်​​​သောမိုးခြိမ်းသံကို ကြားလိုက်​မှ
သတိဝင်​သွားပြီးအိမ်​တံခါးဝမှာ ရပ်​​နေ​သော
ဧည့်​သည်​ကို ဖိတ်​​ခေါ်လိုက်ရသည်​....

" မိုးမိပြီးလမ်း​ပျောက်​​နေပုံရတယ်​.... အထဲ
ကိုဝင်​ခဲ့ပါ ဧည့်​သည်​...."

အိမ်​​လေးရဲ့​ ​ထောင့်​​မှာရှိ​နေတဲ့ အလျှံတငြီးငြီး​  
တောက်​​လောင်​​နေတဲ့ မီးဖိုတစ်​ခုအနားမှာထိုင်
နေ​စေပြီး .....

အခန်းတစ်​ခုထဲကို ၀င်​သွားကာ ပြန်​ထွက်
လာ​တော့  လက်​ထဲမှာအဖြူ​ရောင်​  ပုဝါ
တစ်​ထည်​နှင့်​ .....

" ​ရော့ .... ဒီပုဝါနဲ့​ရေ​တွေကို သုတ်​လိုက်​ပါ ...
.. ပြီး​တော့အ၀တ်​​တွေကို အ​ခြောက်​ခံပါ.... မီးပုံ
နားမှာ​နေရင်​ မကြာခင်​​နွေး​ထွေးသွားပါလိမ့်​မယ်​..
... စွပ်​ပြုတ်​ပူပူ​လေး ယူလာခဲ့​ပေးမယ်​....."

အရိပ်​က​လေးတစ်​ခုလိုလွင့်​ကနဲပြန်​ထွက်​သွား
သော​ကျောပြင်​​သေး​သေး​လေးကို အသိမဲ့စွာ
ငေးကြည့်​ရင်း ....

လက်​ထဲက ပုဝါနဲ့ ​​ရေတစ်​စက်စက်​ကျ​နေ​သော
ဆံပင်​​တွေကိုအရင်​သုတ်​လိုက်​ပြီး မလှမ်းမကမ်း
မှာ အလုပ်​များ​နေတဲ့ အဖြူ​ရောင်​အရိပ်​က​လေးကို
အကြည့်​မလွှဲနိုင်​ ဖြစ်​​နေမိရင်း ....

အခုလက်​ရှိအ​ခြေအ​နေဟာ အိမ်​မက်​လား
တကယ်​လားဆိုတာကို ​ဝေခွဲဖို့ ခက်​​နေသည်

ထို့အတူပင်​ တစ်​ဖက်​မှာလဲ .....

ဒီ လူစိမ်းက ငါ့ရဲ့အိမ်​ကို ဘယ်​လို​ရောက်​လာခဲ့
တာလဲ ..... ဒီ​နေရာကို ဘယ်​လူသားတစ်​ဦးတစ်
ယောက်​မှ မ​ရောက်​လာခဲ့ဖူးတာ ငါ သိတတ်​စအ
ရွယ်​ကတည်းကပဲ.... သူက ဘာ​ကြောင့်​ဒီကို​ရောက်
လာရတာလဲ .....

ငါက​ရော ဘာလို့သူ့အသံ ကြားတာနဲ့ အသိလွတ်​ပြီး
တံခါး ဖွင့်​​ပေးမိသွားရတာလဲ... ဘာ​ကြောင့်​များလဲ

အဖြူ​ရောင်​ ​သွေးတစ်​စက်​ရဲ့ သစ္စာWhere stories live. Discover now