တစ်​ဆယ်

1.1K 137 20
                                    

နေ​ပျောက်​ပင်​မတိုးနိုင် အလင်း​ရောင်​ပင်​မကျနိုင်​​ရောက်
နိုင်​လာက်​​အောင်​ သစ်​ကိုင်း သစ်​ခက်​များဖြင့်​ ပိန်းပိတ်
အောင်​​မှောင်​မိုက်​​နေတဲ့ ​တောအုပ်​တစ်​ခုတွင်​ဖြစ်​သည်​။

လူတစ်​စုက ငြိမ်​သက်​စွာရှိ​နေကြသည်​။ထိုလူအုပ်​ကြီးထဲ
မှာ မိန်းမ ၊ ​ယောကျာ်း ၊ လူကြီး ၊ လူငယ်​ ၊ က​လေးများအထိမတူညီတဲ့ အရွယ်​စုံပါဝင်​​နေကြပြီး သူတို့အားလုံးရဲ့
တူညီတဲ့ အချက်​ကိုယ်​စီက ....

နွားသား​ရေ လိုအသားမျိုးနံငယ်​ပိုင်းကိုသာ ခါးထက်​မှာ
အရှက်​လုံရုံ ပတ်​ကာဝတ်​ဆင်​ထားကြတဲ့အပြင်​ မျက်​လုံး
တွေအထိဖုံးအုပ်​ထားကြတဲ့ ဆံပင်​ရှည်​ရှည်​​တွေရယ်​ ပြီး
တော့ မျက်​နှာ​ပေါ်မှာ အနက်​​ရောင်​​အစင်း​တွေကို ချယ်​သ
ထားကြတာ​ကြောင့်​ သာမာန်​လူ​တွေနဲ့မတူပဲ ​ကြောက်​မက်
ဖွယ်​ရာထူးဆန်းသတ္တဝါ​တွေလိုလို ....

ထိုလူအုပ်​ကြီးကခဏအတွင်းမှာစက်​ဝိုင်းပုံသဏ္ဍာန်​​ပြောင်း
လဲသွားပြီး လှည့်​ပတ်​ကာ မိုး​ပေါ်ကို​မော့ကြည့်​လိုက်​ ​မြေပြင်​ကိုငုံကြည့်​လိုက်​နဲ့ တစ်​စုံတစ်​ခုကိုတိုင်​တည်​​ရေရွတ်​​နေ
ကြသလိုလို ......

ဝုန်း !!!

ဂျိန်း !!!

ကြည်​လင်​​နေတဲ့​ကောင်းကင်​ကြီးမှာ ချက်​ချင်းပင်​ မိုးသား
တိမ်​လိပ်​များ တရိပ်​ရိပ်​တက်​လာပြီး မိုးစက်​​လေးများစတင်​ကျလာကာ မိုးခြိမ်းသံများကလဲ ​ကြောက်​ခမန်းလိလိ ဆူ
ညံလာခဲ့​လေသည်​....

" အာခါဆာ .... အရှင်​ အာခါဆာ ...."

ခေါင်း​ဆောင်​ဖြစ်​ဟန်​တူ​သော လူကြီးက လက်​နှစ်​ဖက်​ကို
မိုး​ပေါ်​မြှောက်​ကာ ​အော်​လိုက်​​တော့ ကျန်​တဲ့သူ​တွေကလဲ
ပျော်​မြူးစွာ လှည့်​ပတ်​ကခုန်​​နေကြရင်း အမည်​နာမ တစ်​ခုကို တရိုတ​သေရွတ်​ဆို​အော်​ဟစ်​​နေကြသည်​ ......

ထို အချိန်​မှာပဲ .....

အ​ဝေးဆီမှ မာန်​ဖီသံတစ်​ခုနဲ့အတူ အရှိန်​ပြင်းပြင်း​ပြေးလာ
ခဲ့​သော လူတစ်​​ယောက်​က ကခုန်​​နေတဲ့လူအုပ်​ကြီးရဲ့ အ
လည်​ကို လွှားကနဲခုန်​ဝင်​လိုက်​​တော့သည်​.....

You've reached the end of published parts.

⏰ Last updated: Jun 17, 2019 ⏰

Add this story to your Library to get notified about new parts!

အဖြူ​ရောင်​ ​သွေးတစ်​စက်​ရဲ့ သစ္စာWhere stories live. Discover now